ဗဟန်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ပြည်သူများအား နှာခေါင်းစည်းနှင့်ဆပ်ပြာများလှူဒါန်း

ဗဟန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်စိုး ဦးဆောင်၍ အတွင်းရေးမှူး ဒေါ်ရီရီတင်၊မြို့နယ် ပါတီကော်မတီဝင်၊ ဒေါ်နီလာချစ်၊ ဒေါ်ခင်စန်းကြူ၊ ဒေါ်ခင်မျိုးလှ၊ ဒေါ်စုစုလှိုင်နှင့် ရပ်ကွက်ပါတီဥက္ကဋ္ဌနှင့် ရပ်ကွက်ပါတီ ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲ ၁နာရီက Mask များ၊ လက်ဆေးဆပ်ပြာများ နှင့်COVID-19 ကာကွယ်ရေးလက်ကမ်းစာစောင်များကို ရွှေတောင်ကြား(၁)ရပ်ကွက်နေ ပြည်သူများအိမ်သို့ တစ်အိမ် တက်ဆင်းလိုက် လံဝေငှခဲ့ကြသည်။