ကနောင်စုရွာလမ်းမရှိ ခိုလှုံရာခိုကိုးရာမဲ့ဘိုးဘွားရိပ်သာသို့ ပါတီဒုတိယဥက္ကဋ္ဌဦးဌေးဦးက အလှူငွေများပေးအပ်

77139774-06082016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ယခုလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့် လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှု ဆောင်များ၊ ရပ်မိရပ်ဖများနှင့် အတူ ဟင်္သာတမြို့ ကနောင်စုရွာမ လမ်းရှိ ခိုလှုံရာ၊ ခိုကိုးရာမဲ့ ဘိုးဘွား ရိပ်သာသို့ သွားရောက်၍ အကျိုး ဆောင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် အကျိုး ဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းအောင် က ခိုလှုံရာ၊ ခိုကိုးရာမဲ့ဘိုးဘွား ရိပ်သာနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အလှူငွေများ ပေးအပ်ရာ အကျိုး ဆောင်အဖွဲ့ဝင် ဦးထွန်းဝင်းအောင်က လက်ခံရယူခဲ့ သည်။ ၄င်းနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယ ဥက္ကဋ္ဌဦးဌေးဦးနှင့်အဖွဲ့သည် ဘိုးဘွားများကို ကြည့်ရှုအားပေးခဲ့ ကြောင်း သိရသည်။


Leave a Reply