ကချင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

12389933-06082016

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဝါဆိုသင်္ကန်းနှင့်ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းပွဲ ကို ယမန်နေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ ကျင်းပရာ နိုင်ငံတော် သြဝါဒါ စရိယ အဘိဓဇမဟာရဋ္ဌဂုရုဝန်းသို ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သီလဝံသအမှူးပြုသော ဆရာတော်ကြီးကိုးပါး ကြွရောက် အပူဇော်ခံတော်မူသည်။

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်နှင့် ပါတီဗဟို အကြံပေး ပြည်နယ်တာဝန်ခံဦးသိန်းဇော်၊ပြည်နယ် ဥက္ကဋ္ဌဦးလဂျွန်ငန်ဆိုင်းနှင့်ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီ ဝင်များ၊ မြစ်ကြီးနားမြို့နယ်မှ ပါတီဝင်များ၊ တက်ရောက်ကြည်ညိုကာ ဝါဆို သင်္ကန်းနှင့် ဆွမ်းဆန်တော် များ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရ သည်။


Leave a Reply