ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဌ ခရိုင် ၄ မြို့နယ်မှပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးဥက္ကဌ ဦးရဲမြင့်ထွန်းသည် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက်ပိုင်းက ခရိုင်ပါတီရုံးအစည်းအဝေးခမ်းမတွင် ပဲခူးခရိုင်အတွင်းရှိ ကဝမြို့နယ် ၊သနပ်ပင်မြို့နယ် ၊ဝေါမြို့နယ် ၊ပဲခူးမြို့နယ်ရှိိပါတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်သည် ။ အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးပါတီဥက္ကဌနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဌနှင့်ခရိုင်ကော်မတီဝင်များ ၊ ခရိုင်အတွင်းရှိ ၄ မြို့နယ်မှမြို့နယ်ပါတီဥက္ကဌများ ၊ မြို့နယ်ကော်မတီဝင်များ ၊ လူငယ်နှင့်အမျိုးသမီးများ တက်ရောက်ခဲ့ကြသည် ။ ရှေးဦးစွာတိုင်းပါတီဥက္ကဌမှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာတွင် ပါတီ၏လှုပ်ရှား ဆောင်ရွှက်နေမှုအခြေအနေများ ၊ ပါတီဝင်များ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ၊ ပါတီဝင်များအချင်းချင်း စည်းလုံး ညီညွတ်စွာ ကူညီဖေးမစေရေး ၊ လုပ်ငန်းလမ်းညွန်မှာကြားချက်များအား အောင်မြင်အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွှက်နိုင်ရေး ၊ ရေးရာကဏ္ဍအလိုက်မြေပြင်စာရင်းအမှန်တည်ဆောက်ပြုစုထားရန်နှင့် အကောင်အထည် ဖော်ရန် ၊ သုံးလတာ ရက်ပေါင်း ၉၀ စီမံချက်အား ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီအနေဖြင့် အောင်မြင်အောင် လုပ်ဆောင်နိုင်ရေး စသည်တို့ကိုအကျယ်တစ်ဝင့်ပြောကြားခဲ့သည် ။ အစီစဉ်အရသက်ဆိုင်ရာမြို့နယ်ပါတီဥက္ကဌ များမှ မိမိတို့မြို့နယ်များအလိုက် မြေပြင်အခြေအနေများ ၊ ပါတီ၏လုပ်ငန်းဖော်ဆောင်နေမှုများ ၊ လူငယ် ၊ အမျိုးသမီး ၊ မီဒီယာကဏ္ဍများ လုပ်ဆောင်နေမှုအခြေအနေများအား အကျယ်တစ်ဝင့်ပြန်လည်ဆွေးနွေး တင်ပြ ခဲ့သည်။ တက်ရောက်လာကြသောပါတီဝင်များမှ ရှင်းလင်းချက်များအပေါ်ပြန်လည်ဆွေးနွေးခြင်း ၊ မေးမြန်းခြင်း ၊ အကြံပြုတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့သည် ။ တင်ပြချက်များအပေါ် ပါတီတာဝန်ရှိသူများမှ ဆွေးနွေးခြင်း ရှင်းလင်းခြင်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွှက်ခြင်းတို့ကိုဆောင်ရွှက်ခဲ့ပြီး ပါတီ၏ရှေ့လုပ်ငန်းစဥ်များကို အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲမှချမှတ်နိုင်ခဲ့သည် ။ အဆိုပါအခမ်းအနားသို့ ပဲခူးခရိုင်အတွင်းရှိ ၄ မြို့နယ်မှ ပါတီဝင် ၃၅၀ ခန့် တက်ရောက်ခဲ့သည် ။ ပဲခူးတိုင်းဒေသကြီး(အရှေ့) ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ခရိုင် ၊ မြို့နယ် ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု များရှိပါတီဝင်များအား စဥ်ဆက်မပြတ်ထိတွေ့ဆွေးနွေးခြင်း ၊ နယ်မြေကွင်းခြင်း ၊ ဆွေးနွေးပွဲစကားဝိုင်း များပြုလုပ်ခြင်းဖြင့် ပါတီ၏လုပ်ငန်းလမ်းညွန်ချက်များအား အကောင်အထည်ဖော်ဆောင်ရွှက်လျှက်ရှိသည် ။

#USDP #Bago