ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်သည့်တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဌဦးအောင်ကျော်မိုးတက်ရောက်

(၁၀-၁-၂၀၂၃)ရက်နေ့ နေ့လည်(၁)နာရီအချိန်တွင် ရမည်းသင်းခရိုင်/မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေ့ဆုံပွဲကျင်းပ ပြုလုပ်ခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ ပါတီ ဗဟိုကော်မတီဝင် များဖြစ်ကြသော တိုင်းဒေသကြီးပါတီအတွင်းရေးမှုး ဦးညွန့်ဆောင်၊ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ဦးတင့်လွင်ဦး၊ ဦးရွှေနန်း၊ ပါတီဗဟိုကော်မတီဝင် ဦးကျော်မြင့်၊ ရမည်းသင်းခရိုင်ဥက္ကဌဒေါ်သန်းသန်းအေး၊အတွင်းရေးမှုးဦးထွန်းမြင့်နှင့်ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ်နှင့် ပျော်ဘွယ်မြို့နယ်မှဥက္ကဌ၊ အတွင်းရေးမှုးနှင့်ကော်မတီဝင်များ၊ရမည်းသင်းမြို့နယ်မှ ရပ်/ ကျေးပါတီဥက္ကဌများ၊ ပါတီဝန်းရံသူများ၊မြို့မိ/မြို့ဖများ၊စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊တစည ပါတီကော်မတီဝင်များ၊ ပရဟိတအဖွဲ့ဝင် များ၊ စုစုပေါင်းအင်အား(၆၀)ဦးတက်ရောက်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် တက်ရောက်လာကြသူများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး လက်ရှိနိူင်ငံရေးအခြေအနေနှင့်နောင်ဖြစ်ပေါ်လာနိူင်သည့် နိူင်ငံရေးအခြေအနေအလားအလာ ခေါင်းစဉ်ဖြင့် အပြန်အလှန်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကာ တွေ့ဆုံပွဲအပြီးတွင် တက်ရောက်လာသူများအား ၂၀၂၃ ခုနှစ်ပြည်ခိုင်ဖြိုး ပြက္ခဒိန်များ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။