ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ပုဗ္ဗသီရိမြို့နယ်တွင် ပါတီဝင်ပြည်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်ထောင်စုနယ်မြေပါတီဥက္ကဋ္ဌ ဦးဝေလွင် သည် ပြည်ထောင်စုနယ်မြေပါတီကော်မတီဝင်များ၊ ခရိုင်ပါတီကော်မတီဝင်များ၊ ပုဗ္ဗသီရိမြို့နယ် ပါတီ ကော်မတီဝင်များနှင့်အတူ ပုဗ္ဗသီရိမြို့နယ်အတွင်း နယ်မြေကွင်းဆင်း၍ ပါတီဝင်များ၊ ပြည်သူများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုသို့ တွေ့ဆုံခဲ့ရာတွင် အောင်သီရိကျေးရွာတွင် ပြည်သူ ၈ဝ ခန့်၊ ကန်ဇွန်းအင်းကျေးရွာတွင် ကန်းဇွန်းအင်း၊ ပုဇွန်ဆိတ်၊ သူဌေးကုန်း၊ ကံသာကျေးရွာများမှ ပြည်သူ ၂ဝဝ ခန့်၊ ဖြုတ်ကုန်းကျေးရွာတွင် ၃ဝ ခန့်၊ ကြံတဲစု ကျေးရွာတွင် ၂၅ ဦး၊ ဖြုတ်ခွဲကျေးရွာတွင် ၄ဝ ခန့်နှင့် ငါးစိမ်းအင်းကျေးရွာတွင် ၅ဝ ခန့်တို့နှင့် တွေ့ဆုံ၍ ပါတီ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ ဆက်လက် ဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းဆွေးနွေး၍ ပြည်သူများ၏ တင်ပြချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေး ခဲ့ပြီး ငါးစိမ်းအင်းကျေးရွာ ပညာရည်ချွန်ဆုပေးပွဲအတွက် ဂုဏ်ပြုဆုငွေ ကျပ် ၁၂ဝဝဝဝ လှူဒါန်းခဲ့ကြောင်း သိရသည်။

Union daily