ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံရေးပါတီများနှင့် အလွတ်သဘော တွေ့ဆုံပွဲ ပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဌ ဦးခင်ရီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၅) ရက်နေ့ နံနက် ၁ဝဝဝ နာရီအချိန်မှ ၁၃၄၅ အချိန်ထိ ပါတီဌာနချုပ် ခန်းမတွင် လွတ်လပ်ရေးနေ့အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံရေးပါတီ (၃၇)ပါတီနှင့် အလွတ်သဘောတွေ့ဆုံပွဲ ပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ပါတီဥက္ကဋ္ဌဌ ဦးခင်ရီက ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့က အသစ်ဖွဲ့စည်းခဲ့သော ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့သစ်အား နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် ချစ်ခင်ရင်းနှီးစွာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။

#USDP #Myanmar #Naypyitaw