မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ ဘွဲ့တံဆိပ်တော်ရဆရာတော်များအားဂုဏ်ပြုပူဇော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးအောင်နိုင်ဦး၊ ဦးကျော်စန်း၊ ဦးမျိုးမြင့်၊ အောင်မြေသာစံခရိုင်/မဟာအောင်မြေခရိုင်တို့မှ ပါတီဥက္ကဌနှင့် ကော်မတီဝင်များ၊ အောင်မြေသာစံမြို့နယ်/ချမ်းအေးသာစံမြို့နယ်တို့မှ ဥက္ကဌနှင့်ကော်မတီဝင်များတို့သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြေငြာစာအမှတ် ၂/၂၀၂၃ ဖြင့် အဘိဓဇမဟာရဋ္ဌဌဂုရုဘွဲ့ တံဆိပ်တော်ရ ချမ်းအေးသာစံမြို့နယ်၊ သုဓမ္မဝတီအုဌ်ကျောင်း၊ မိုးကောင်းကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တ သာသနာဘိဝံသထံသို့လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍဍိတဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ်၊ စတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝိဇယထံသို့လည်းကောင်း၊ အဂ္ဂမဟာပဏ္ဍဍိတ ဘွဲ့တံဆိပ်တော်ရ အောင်မြေသာစံမြို့နယ်၊ စလင်းဝိဘဇ္ဇဝါဒီကျောင်းတိုက်မှ ဆရာတော် ဘဒ္ဒန္တဝိလာသာ ဘိဝံသထံသို့လည်းကောင်း (၅.၁.၂၀၂၃)ရက်နေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမျှော်ကန်တော့ပြီး သင်္က္န်းခြင်း၊ ဝတ္ထုငွေများဖြင့်ဆက်ကပ် လှူဒါန်းပူဇော်ခဲ့ကြပါသည်။