လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကျင်းပနိုင်ရေးအစည်းအဝေးပြုလုပ်

ရပ်စောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ကျင်းပ ပြုလုပ်သော (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစား ပြိုင်ပွဲများ ကျင်းပရေး လုပ်ငန်းညှိနိုင်း အစည်းအဝေး ကို (၃.၁.၂၀၂၃)ရက်နေ့ နံနက် (၁၀:၀၀)နာရီ တွင် မြို့နယ် ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊မြို့နယ်ပါတီကော်မတီများ ၊အားကစား စိတ်ပါဝင်စားသူ အားကစား သမားဟောင်းများ တက်ရောက်ခဲ့ကြပြီး အားကစားပြိုင် ပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနိုင်း ဆွေးနွေးခဲ့ကြပါသည်။