သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ် နင့် အမျိုးသမီးရေးရာ ကော်မတီအဖွဲ့မျ ားဆွမ်းဆန်တော်လှူဒါန်း

၁၉. ၁၂. ၂၀၂၂ နေ့ ညနေ ၂. နာရီအချိန်တွင် သံတွဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးစန်းနိင် ဦးဆောင်၍ သံတွဲခရိုင်ပြည်ခိုင်ဖြိုးပါတီ ခရိုင််အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်မူ ၊မြို့နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်စန်းစန်းမြင့် နှင့်အမျိုးသမီးရေးရာ အဖွဲ့ဝင် (၇)ဦး၊ မြို့နယ်လူငယ်အဖွဲခေါင်းဆောင် ကိုပြည့်ဖြိုးအောင် နှင့်လူငယ်ပါတီဝင် ( ၅ )ဦးတို့သည် သံတွဲမြို့နယ် သိမ်ကုန်းဘုန်းတော်ကြီးကျောင်း သာသနနယ်မြေ အတွင်း သီတင်းသုံးလျက်ရှိသော သီလရှင်ဆရာကြီး ၃ ပါးအားဆွမ်းအလို့ငှါ အဆင်ပြေ စေရန်အတွက် ဆွမ်းဆန်တော် ၁၂ ပြည်အိပ်တစ်အိပ်စီနှင့် ဆီ ၊ဆား တို့အား အဟာရဒါန အဖြစ်ပေးလှူကာ ဆရာကြီးများ ပို့သသောမေတ္တာခံယူ ခဲ့ကြသည်။