နယ်မြေကွင်းဆင်း၍ရပ်/ ကျေးများနှင့်တွေ့ဆုံဆွေးနွေး

ယနေ့ ညနေ (၅)နာရီတွင် မိုးမိတ်မြို့နယ် ပါတီ  ဘဏ္ဍာ ရေးမှူး ဒေါ်ခင်မြင့်ဌေး ၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်နှင်းဆီ နှင့် မြို့နယ် အရံကော်မတီဝင် ဦးဌေးဝင်း တို့သည် တောင်ပိုင်းရပ်ကွက်ရှိရပ်/‌ကျေး ပါတီဝင်များ နှင့် တွေ့ဆုံ၍ ရက်(၉၀)စီမံချက် လုပ်ငန်းစဉ်များ၊လာမည့်ရွေးကောက်ပွဲတွင် ပြုလုပ်မည့် PR စံနစ် နှင့် ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရှင်းလင်းခဲ့ပါသည်။ ယင်းတွေ့ဆုံပွဲသို့ တောင်ပိုင်းရပ်ကွက်ဥက္ကဌ ဦးမိုးနိုင် နှင့် ကော်မတီဝင်များ တက်ရောက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။