မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မအူပင် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏မြို့နယ်ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီ၌ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ မအူပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးရန်နိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးဝင်းကျော်ကျော်၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးစောသောင်း ဒန်နှင့် မြို့နယ်ပါတီကော်မတီဝင် များတက်ရောက်ခဲ့ပြီးပါတီ၏လုပ်ငန်း စဉ်များပြန်လည်သုံးသပ်ခြင်း၊ ရှေ့ လုပ်ငန်းစဉ်များပြင်ဆင်စီမံဆောင်ရွက် ခြင်းများကိုဆွေးနွေးတင်ပြဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)