နိုင်ငံ ၁၉၀ ကျော်က သဘာဝတရားကို ကာကွယ်ရန် ကုလသမဂ္ဂဇီဝမျိုးစုံထိန်းသိမ်းစောင့်ရှောက်ရေး ထိပ်သီး၌ သမိုင်းဝင်သဘောတူညီချက်ရရှိ

နိုင်ငံများသည် ကမ္ဘာ၏မျိုးစိတ်များနှင့် ဂေဟစနစ်များကို ခြိမ်းခြောက်လျက်ရှိသည့် ဆယ်စုနှစ်များစွာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပျက်စီးမှုကို ပြောင်းပြန်လှန်ပစ်ရေးအတွက် ဒီဇင်ဘာ ၁၉ ရက် စောစောပိုင်း က ကုလသမဂ္ဂ ဇီဝမျိုးစုံထိန်းသိမ်းစောင့်ရှောက်ရေးထိပ်သီး၌ သမိုင်းဝင်သော သဘောတူညီချက်တစ်ရပ် ကို သဘောတူခဲ့ကြသည်။ COPI 5 ထိပ်သီး၏သဘာပတိဖြစ်သော တရုတ်ပတ်ဝန်းကျင်ဝန်ကြီးဟွမ်ရမ် ကျုက မွန်ထရီရယ်မြို့၌ ပြုလုပ်သော ထိပ်သီး၌ ညနက်ချိန်အစည်းအဝေးတွင် အတည်ပြုခဲ့သော သဘော တူညီချက်ကိုကြေညာလိုက်ရာ တက်ရောက်လာသော ကိုယ်စားလှယ်များထံမှ ကျယ်လောင်သော သြဘာသံများ ထွက်လာခဲ့သည်။

သဘောတူညီချက် တစ်စိတ်တစ်ပိုင်းအဖြစ် ဖွ့ံဖြိုးဆဲနိုင်ငံများအတွက် ရန်ပုံငွေများများစားစာ ထောက်ပံ့ ရေးကို ဖော်ပြထားသောစာသားကို ထောက်ခံရန် ငြင်းဆန်ခဲ့သော ဒီအာကွန်ဂိုထံမှ ကန့်ကွက်မှု ကို အစည်းအဝေးသဘာပတိက ကျော်လွန်ပယ်ချခဲ့သည်။ လေးနှစ်ကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ရပြီးနောက် အခြားနိုင်ငံ ၁၉၀ ကျော်သည် ကုန်းမြေများ၊ သမုဒ္ဒရာများ၊ သတ္တဝါမျိုးစိပ်များကို ညစ်ညမ်းမှု၊ ပျက်စီးမှု၊ ရာသီဥတုပြဿနာတို့မှ ကယ်တင်ရန် ရည်ရွယ်၍ တရုတ်ဦးဆောင်သော သဘောတူညီချက်ကို ထောက်ခံခဲ့ ကြသည်။

သဘောတူညီချက်သည် ၂၀၃၀ ခုနှစ်လောက်တွင် ကမ္ဘာ၏ ၃၀ ရာခိုင်နှုန်းကို ထိန်းသိမ်းကာကွယ်ထား သောဇုန် ဖြစ်လာစေရန် ကတိပြုထားပြီး ဖွံ့ဖြိုးဆဲကမ္ဘာအတွက် နှစ်စဉ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အကူအညီအားဖြင့် အမေရိကန်ဒေါ်လာဘီလျံ ၃၀ သုံးစွဲရန်လည်း ကတိပြုထားသည်။

သဘာဝတ်ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်သူများကမူ ယခုသဘောတူညီချက်ကို ပါရီသဘောတူညီချက် ဖြစ်သည့် တစ်ကမ္ဘာလုံးအပူချိန်ကို ၁ ဒသမ ၅ ဒီဂရီဆဲလ်စီယက်အထိ ကန့်သတ်မည့် အထင်ကရ အစီအမံနှင့် နှိုင်းယှဉ်နေကြသည်။ Campaign for Nature ၏ ဘရိုင်ယန်အိုဒွန်နယ်က ယခုသဘော တူညီချက်အား သမိုင်း၌ အကြီးမားဆုံး မြေနှင့်သမုဒ္ဒရာထိန်းသိမ်းရေးဆောင်ရွက်ချက်ဟု ပြောကြားခဲ့ သည်။

“အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းဟာ အထင်ကရကမ္ဘာလုံးဆိုင်ရာဇီဝမျိုးစုံ ထိန်းသိမ်းစောင့်ရှောက်ရေး သဘောတူညီချက်အတွက် ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ သဘာဝတရားကို ရင်ဆိုင်နေရတဲ့ အကျပ်အတည်းဟာ ထိုက်ထိုက်တန်တန် အလေးထားမှု စတင်ရရှိပြီဆိုတဲ့ မျှော်လင့်ချက်တချို့ကို ဖြစ်ပေါ် စေပါတယ်” ဟု ၎င်းက ပြောကြားသည်။ ဤသဘောတူညီချက်ကို ထိရောက်စွာအကောင်အထည် ဖော်မည်ဆိုပါက ဦးချိုပါသော သမင်ကြီး၊ ပင်လယ်လိပ်များ၊ ကြက်တူရွေးများ၊ ကြံ့များ၊ ရှားပါးဖန်းပင်များ၊ ရှေးဟောင်းသစ်ပင်များ၊ လိပ်ပြာများ၊ ငါးလိပ်ကျောက်၊ လင်းပိုင်များမှာ ရှင်သန်၊ တိုးပွားရေးအတွက် သိသာထင်ရှားစွာတိုးတက်သည့် အမြင်ကို တွေ့ရလိမ့်မည်ဟု ၎င်းက ပြောကြားသည်။