သမ္မတဘိုင်ဒန်၏ အရှေ့အလယ်ပိုင်း ခရီးစဉ်ပြီးဆုံး

အရှေ့အလယ်ပိုင်းကို (၄)ရက်ကြာခရီးစဉ်အဖြစ်သွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ စနေနေ့က ဆော်ဒီ အာရေဗျ နိုင်ငံကနေ  အမေရိကန်ကိုပြန်လည်ထွက်ခွာသွားပြီဖြစ်ပါတယ်။

ဒါကြောင့် မတည်ငြိမ်တဲ့ဒေသ တွင်းမှာ တည်ငြိမ်အေးချမ်းမှုကိုမြှင့်တင်ဖို့ နဲ့ ဓါတ်ငွေ့ဈေးနှုန်း မြှင့်တက်မှု ပြဿနာကိုဖြေရှင်းဖို့ ရည်ရွယ်တဲ့ သမ္မတ ဘိုင်ဒန်ရဲ့ အရှေ့အလယ်ပိုင်းခရီးစဉ် ပြီးဆုံးသွားပြီဖြစ်ပါတယ်။ အစောပိုင်းမှာတော့ သမ္မတဘိုင်ဒန်က အီရတ်၊ အီဂျစ် နဲ့ ဂျော်ဒန် နိုင်ငံက ခေါင်းဆောင်တွေလည်း ပါဝင်ခဲ့တဲ့ ပင်လယ်ကွေ့နိုင်ငံခေါင်းတွေရဲ့ ထိပ်သီးအစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့ပါတယ်။

အစည်းအဝေးမှာ အမေရိကန်ပြည်ထောင်စုဟာ အရှေ့အလယ်ပိုင်းဒေသတွင်းအနာဂတ်ကောင်း မွန်ရေးတည် ဆောက်မှုတွေအတွက် ရင်းနှီးမြှုပ်နှံရာမှာ အားလုံးနဲ့အတူ ပူးပေါင်းဆောင်ရွက်မှာဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောခဲ့ပါတယ်။ အာရပ်နိုင်ငံတွေမှ ရေနံစိမ်းထုတ်လုပ်မှုတိုးမြှင့်ပေးဖို့ သမ္မတဘိုင်ဒန်ရဲ့ တောင်းဆိုချက်က‌တော့ ချက်ချင်းတုံ့ပြန်မှုမရခဲ့ပါဘူး။ ကမ္ဘာ့ရေနံဈေးတွေ တဟုန်ထိုးမြှင့်တက်နေချိန်မှာ သမ္မတဘိုင်ဒန်ရဲ့ တောင်းဆိုချက် ထွက်လာတာပါ။

ဒါပေမယ့် ဆွေးနွေးပွဲအပြီးမှာတော့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးက OPEC  နဲ့ မိတ်ဖက်နိုင်ငံတွေဟာ ဈေးကွက်အခြေအနေကို ဆက်လက်အကဲ

ဖြတ်ပြီး လိုအပ်တာတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အစည်းအဝေးမှာ သမ္မတဘိုင်ဒန်က အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ ပေါင်းစည်းရေး အစီအစဉ်တစ်ရပ်ကိုလည်း ချပြခဲ့ပါတယ်။

အဲဒီအစီအစဉ်ဟာ အီရန် နဲ့ တခြား ဘုံခြိမ်ခြောက်မှုတွေအတွက် ရေဆွဲထားတာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ အရှေ့ အလယ်ပိုင်းမှာ တက်ကြွပြီး လုံခြုံစိတ်ချရတဲ့ မိတ်ဖက်နိုင်ငံအဖြစ် ဆက်ရှိနေမယ်လို့လည်း သမ္မတ ဘိုင်ဒန်က အလေးပေးပြောကြားခဲ့ပါတယ်။