မလှိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မလှိုင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး၌ ယနေ့နံနက်(၁၀)နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ပါတီဥက္ကဌ ဦးစိုးသိန်း၊ အတွင်းရေးမှူး ဦးမော်ဆွေနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ပထမ(၃)လပတ် ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အချိန်မီပြီးစီး ရေး၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများအား တိုင်းဒေသကြီးပါတီသို့ပေးပို့တင်ပြရေး၊ လူငယ်/အမျိုးသမီး ကဏ္ဍ  လှုပ်ရှားမှုများဆောင်ရွက်သွားရေးကိစ္စများဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။