မန္တလေးတိုင်းဒေသကြီးပါတီနှင့် ခရိုင်/မြို့နယ်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးနှင့် မဟာအောင်မြေခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ပါတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်တွင် တိုင်းဒေသကြီးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး နှင့် တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်တို့မှ ပထမ(၃)လပတ်၊ရက်(၉၀)စီမံချက် ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ပါတီဗဟိုဌာနချုပ်သို့ပေးပို့ရမည့်စာရင်းဇယားများ အချိန်မီပေးပို့ရေး၊ နယ်မြေကွင်းဆင်းစည်းရုံးရေးကိစ္စများအား စဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အား ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးအောင်နိုင်ဦး၊ ဦးမျိုးမြင့်၊ မဟာအောင်မြေခရိုင်ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်းနှင့် ကော်မတီဝင်များ၊ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပါသည်။