ပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပါတီဝင်များကို တွေ့ဆုံမှာကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပါတီဝင်များနှင့် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ပါတီဌာနချုပ်တွင်တွေ့ဆုံပြီး အမှာစကား ပြောကြားသည်။ နေပြည်တော်ရှိပါတီဌာနချုပ်တွင် လေးရက်ကြာကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအပြီး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ပါတီဝင်များအနေဖြင့် မိမိ တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ပြန်ရောက်သည့်အခါ တွင် ယခုဆွေးနွေးခဲ့သည့်အကြောင်းအရာများ အချက်အလက်များကို ပြည်သူများ၊ ပါတီဝင်များသို့ ပြန်လည် ပြောကြားရန်၊ ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခဲ့သည်များကို ပြည်သူများသိစေရန် ရည်ရွယ်ပြီးပြော ကြားတင်ပြရန်၊ လက်ရှိငြိမ်းချမ်းရေးအခြေအနေများကို ပြည်သူများသိပါမှ ဆုံးဖြတ်ချက်ချမှတ်နိုင်မည်ဖြစ် ကြောင်း ဦးတင်နိုင်သိန်းကမှာကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသော တိုင်းဒေသကြီးနှင့်ပြည်နယ်ကိုယ်စားလှယ်များက ၄င်းတို့ ဒေသတွင် ကြုံတွေ့နေသည့်အခက်အခဲများ၊ လေးရက်ကြာပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲအတွေ့အကြုံများကို တင်ပြဆွေး နွေးခဲ့ကြသည်။

Union daily


Leave a Reply