သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ( ၄၈ ) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းနားသို့ တက်ရောက်

၁၅. ၁၂. ၂၀၂၂ နေ့နံနက် ၈ နာအချိန် သံတွဲမြို့နယ် ခန်းမတွင် ( ၄၈. ) နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အခမ်းနားကိုကျင်းပပြုလုပ်ရာ အခမ်းနားသို့အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးမှူးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ် နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးကဲများ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန် နှင့် မြို့နယ်အဆင့် ဋ္ဌာနဆိုင်ရာ အကြီးကဲများ ၊ ရပ်ကွက်အုပ်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ ၊ရပ်ဖများ ၊( ၄၈. ) နှစ်မြောက် ရခိုင်ပြည်နယ် နေ့ အထိမ်းအမှတ် စာစီစာကုံး ၊ ပန်းချီပြိုင်ပွဲမှ ဆုရကျောင်း သား ၊ကျောင်းသူများ ၊ ဆရာ၊ဆရာမများ စုစုပေါင်းအင်အား ( ၂၅၀) ခန့်နှင့်အတူ သံတွဲမြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဥက္ကဋ္ဌ ဦးစန်းနိင် ၊ မြို့နယ် လူငယ်အဖွဲဝင် ရခိုင်မင်္ဂလာစည်တော်အဖွဲ့ခေါင်းဆောင် ကိုချစ်ထူး နှင့် ပါတီဝန်းရံ စည်တော်အဖွဲ့ဝင် လူငယ် ( ၉. )ဦး တို့အခမ်းနား တက်ရောက်ခဲ့ကြသည် ။

အခမ်းနားတွင် ပထမဦးစွာ အခမ်းအနားကို ပြည်ခိုင်ဖြိုးပါတီ လူငယ်စည်တော်အဖွဲ့ မှ ရခိုင်မင်္ဂလာ စည်တော်တီးခပ်၍ အခမ်းအနားဖွင့်လှစ်ပေးခဲ့သည် ။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ က (၄၈) နှစ်ရခိုင်ပြည်နယ်နေ့ အခမ်းနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံမှပေးပို့သော သဝဏ်လွှာ အားဖတ်ကြားခဲ့သည် ။ ဆက်လက်၍ ဖျော်ဖြေရေးအဖွဲ့များ ၊ဆုရကျောင်းသား ၊ကျောင်းသူများအားတာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ကြပြီး အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံများရိုက်ပြီး အခမ်းနားကို ( ၉:၃၀) တွင် အောင်မြင်စွာရုပ်သိမ်းခဲ့သည် ။