ဗဟိုအမျိုးသမီးညီလာခံအကြို အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပ

 

မန္တလေး စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့နယ်ပါတီရုံးခန်းမ၌ ဗဟိုအမျိုးသမီးညီလာခံအကြို မြို့နယ်ပါတီ၏ အမျိုးသမီး နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့သည်။

အခမ်းအနားကို အစီအစဉ်သုံးပိုင်းခွဲ၍ကျင်းပကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော် အလံအားအလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီတိုင်းဒေသကြီး
ပါတီကော်မတီဝင် မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူက အဖွင့်အမှာစကား ပြောကြား၍ မြို့နယ်ပါတီကော်မတီဝင် ဒေါ်ကေ သီနွယ်က ဗဟိုအမျိုးသမီးညီလာခံ အကြို ငါန်းဇွန်မြို့နယ် အမျိုးသမီး နှီးနှောဖလှယ်ပွဲကျင်းပမည့်အစီ အစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး နောက် အစီအစဉ်ပထမပိုင်းပြီး ဆုံး၍ သဘာပတိအဖွဲ့မှပြန်လည် ထွက်ခွာခဲ့သည်။

အစီအစဉ်အရ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများအလိုက် အစု အဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များ အနေဖြင့် နှီးနှောဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ် သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်း လေးစောင်အားတင်သွင်းနိုင်ရန် အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင်ဆောင် ရွက်ခဲ့ကြသည်။

ဆက်လက်၍ အစီအစဉ်တတိ ယပိုင်းကိုကျင်းပခဲ့ရာ သဘာပတိ အဖွဲ့မှပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့ အလိုက်မှတ်တမ်းတင်ဆွေးနွေးခဲ့ ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီးများနှင့် မြန်မာ့ နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေး စာတမ်းကို ငါန်းဇွန်မြို့နယ် ပန်းရွာ ကျေးရွာအုပ်စု အုန္နဲသာကျေးရွာမှ ပါတီဝင်ဒေါ်ယုမြတ်မွန်က လည်း ကောင်း၊ မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ငြိမ်းချမ်းသာယာမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး စာတမ်းကို ကျောက်တလုံးကျေး ရွာပါတီဝင် ဒေါ်မိမိမော်ကလည်း ကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ်ဇာတိဂုဏ်ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများ ကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံ နှင့်အညီအကောင်အထည်ဖော် ဆောင်ရေးစာတမ်းကို သူနတ်စစ် ကျေးရွာမှ ပါတီဝင်ဒေါ်စန်းစန်းဝေ ကလည်းကောင်း၊ အမျိုးသမီးပါတီ ဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝပြည့်နှစ်ရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ပါတီဝင်အမျိုး သမီးများအား စဉ်ဆက်မပြတ်လေ့ ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို ဆပ်ပြာကျင်းကျေးရွာ ပါတီဝင် ဒေါ်အေးအေးဝင်းကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။

ထို့နောက် ငါန်းဇွန်မြို့နယ် အမျိုးသမီးနှီးနှောဖလှယ်ပွဲ၏ တွေ့ ရှိချက်၊ ဆုံးဖြတ်ချက်နှင့် ရှေ့လုပ် ငန်းစဉ်များအားထုတ်ပြန်ခဲ့ကာ သဘာပတိကဖတ်ကြားတင်သွင်း ခဲ့သော စာတမ်းများအား မှတ် တမ်းတင်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် မဂျီးကျေးရွာ မှပါတီဝင်ဒေါ်ခိုင်ရီက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အခမ်း အနားအား ပြည်ခိုင်ဖြိုးဟေ့တေး သီချင်းသံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့ သည်။
အခမ်းအနားသို့ တိုင်းဒေသ ကြီးပါတီကော်မတီဝင်မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမြတ်သူ၊ မန္တလေးတိုင်းဒေသကြီး အမျိုး သမီးရေးရာကဏ္ဍတာဝန်ခံ တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဒေါ်လှလှအေးနှင့် ဒေါ်သန်းသန်း အေး၊ တိုင်းဒေသကြီးပါတီကော် မတီဝင် လူငယ်ရေးရာတာဝန်ခံ ဒေါ်သိင်္ဂီအောင်၊ မြင်းခြံခရိုင်ပါတီ ဥက္ကဋ္ဌ ဦးကျော်တင်နှင့်ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကိုကိုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပါတီဝင်အမျိုး သမီးများအပါအဝင် စုစုပေါင်း အင်အား ၂၅ဝခန့်တက်ရောက်ခဲ့ ကြောင်း သိရသည်။

သုတ