ပျော်ဘွယ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၂၅-၁၁-၂၀၂၂)ရက်နေ့ (၁၀)နာရီအချိန်တွင် ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာတိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ပျော်ဘွယ်မြို့နယ်ဥက္ကဌ ဦးအောင်နိူင်ညွန့် နှင့်ကော်မတီဝင်များတက်ရောက်ခဲ့ကြပြီး ရက်(၉၀)စီမံချက်ပါလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကိစ္စများရှင်းလင်းခြင်း၊ပါတီဝင်အင်အားစီစစ်ရေး၊ပါတီဝင်အသစ်နှင့်ပါတီဝန်းရံအင်အားတိုးချဲ့စည်းရုံးရေးကိစ္စရပ်များ၊လူငယ်/အမျိုးသမီးကဏ္ဍစကားဝိုင်းဆွေးနွေးပွဲများစဉ်ဆက်မပြတ်ပြုလုပ်ရေးလုပ်ငန်းစဉ်များဆွေးနွေးခဲ့ကြပါသည်။