ကျောက်တံခါးမြို့နယ်ပါတီ အောင်မြင်ဒေသရှိပါတီဝင်များ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ

ကျောက်တံခါး နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဥက္ကဌနှင့် မြို့နယ်ပါတီတာဝန်ရှိသူများနှင့် ဒေသပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက အောင်မြင်မြို့ အောင်မြင်ဒေသရှိ ကျေးရွာအုပ်စု ၇ ခုရှိ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ပါတီတာဝန်ရှိသူများ ရပ်မိ/ရပ်ဖများနှင့်တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဥ်များအားတွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပါတီ ဥက္ကဌ ဦးဘုန်းမြင့်ဦးမှ ပါတီ၏ ပြုပြင်ပြောင်းလဲမှု ရပ်တည်မှု မူဝါဒသဘောထား လုပ်ငန်းများဆောင်ရွှက်နေမူ ဗဟို၊ တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီများ၏ဆောင်ရွှက်နေမှုများ တိုင်းပါတီဥက္ကဌ၏ မှာကြားချက်များ မဖြစ်မနေအကောင်အထည်ဖော်ဆောင်ရွှက်ရမည့် လုပ်ငန်းစဉ်များ ရေးရာကဏ္ဍအလိုက် စုဖွဲ့ထားရမည့် အခြေနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဒေသပါတီတာဝန်ရှိသူများမှ မြို့နယ်ပါတီ၏ လမ်းညွန်မှာကြားချက်များအပေါ် ဆောင်ရွှက်ထားရှိမှုအခြေနေများ မြေပြင်ပါတီ၏အခြေနေများ ဆက်လက် လုပ်ဆောင်မည့်လုပ်ငန်းစဥ် ကိစ္စရပ်များအား တင်ပြဆွေးနွေးခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။