ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် ၁၁ မြို့နယ်မှ ပါတီတာဝန်ရှိသူများနှင့် Zoom Meeting ပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးနှင့်အတူ ၂၁ ရက်နေ့အစည်းအဝေးတွင် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် လူကိုယ်တိုင်မတက်ရောက် နိုင်သည့် ကျန်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၅)ခရိုင်၊ မြို့နယ် (၁၁)မြို့နယ်မှ ပါတီတာဝန် ရှိသူများအား Zoom Meeting ဖြင့် တွေ့ဆုံဆွေးနွေးမှုကို ၂၂-၁၁-၂၀၂၂ ရက်နေ့ ညနေ ၁၅၄၅ အချိန်မှ ၁၇၀၀ အချိန်ထိ တိုင်းဒေသကြီးပါတီရုံးခန်းမ၌ ထပ်မံပြုလုပ်ခဲ့ပါသည်။

တက်ရောက်လာကြသော ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ တမူးခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်နှင့် ကလေး မြို့နယ်၊ ကသာမြို့နယ်၊ ဗန်းမောက်မြို့နယ်၊ အင်းတော်မြို့နယ်၊ ထီးချိုင့်မြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ပင်လည်ဘူးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်၊ ယင်းမာပင်မြို့နယ်တို့မှ ပါတီ တာဝန်ရှိသူများက ဒေသအခြေအနေနှင့်လိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌမှ ” ပါတီတာဝန်ရှိသူများဖြစ်သည့်အတွက် စဥ်ဆက်မပြတ် အဆက်အသွယ် ရှိနေစေရေး၊ ပါတီ၏လုပ်ငန်းစဉ်များ အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်အတွက် စီမံချက် Mapping များရေးဆွဲဆောင်ရွက်ရေး၊ အသွင်သစ်ဆက်ဆံရေးနှင့် တန်းတူရည်တူဆက်ဆံနိုင်ရေး၊ လုံခြုံရေးအသိ လုံခြုံရေးသတိရှိစွာဖြင့် ပါတီအောင်မြင်မှုရရှိနိုင်အောင် ဆောင်ရွက်ရေး ” တို့အား အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နယ်မြေအသီးသီးမှ အခြေအနေများနှင့်စပ်လျဉ်၍ ချိတ်ဆက် ဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့ပါသည်။