ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုံခရိုင် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရန်ကုန် နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အလုံခရိုင်မှ ဦးစီး၍ ခရိုင်အတွင်းရှိ လူငယ်တာဝန်ခံများ၊ ပါတီဝင်လူငယ်များပါဝင်သည့် လူငယ်တွေ့ဆုံပွဲနှင့် လူငယ်စကားဝိုင်းကို အလုံမြို့နယ် ပါတီရုံးတွင် ယနေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် လူငယ်များ၏ အမြင်သဘောထားများ၊ ပါတီအတွက် အကြံပေးခြင်းများ၊ အခြားသော လိုအပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ညနေ ၃ နာရီအချိန်တွင် လူငယ်စကားဝိုင်း ပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ဗဟိုကော်မတီဝင် ဒေါ်သင်းသင်းမိုး တိုင်းကော်မတီဝင် ဦးနေဝင်း၊ အလုံခရိုင်ဥက္ကဌ ဦးဇော်မင်းဦးနှင့် ခရိုင်ကော်မတီဝင်များ ရန်ကုန်တိုင်းလူငယ်တာဝန်ခံများဖြစ်ကြသော ဒေါ်ဇာခြည်လင်း၊ ဦးအောင်ပြည့်ဖြိုး၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ဇင်ဇင်မျိုးထွန်းနှင့် မြို့နယ်အသီးသီးရှိ လူငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။