ဝေါမြို့နယ် ပြည်ခိုင်ဖြိုးပါတီကွင်းဆင်းဆောင်ရွက်ဆွေးနွေး

ဝေါ နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌဦးမောင်ယုနှင့် မြို့နယ်ကော်မတီဝင်များသည်နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ကြာလဟာကျေးရွာရှိပါတီဝင်များ ပါတီအားဝန်းရံသူများနှင့်တွေ့ဆုံခဲ့သည်။

တွေ့ဆုံခဲ့ရာတွင် ပါတီ၏ပြုပြင်ပြောင်းလဲမှုအခြေနေများ တိုင်း ၊ ခရိုင်၊ မြို့နယ်ပါတီ၏ လုပ်ဆောင်နေသော လုပ်ငန်းစဥ်များ ပါတီ၏ စုဖွဲ့ထားရမည့်အခြေနေ မြေပြင်စာရင်းမှန်ကန်စွာပြုစုထားရှိရန် ရေးရာကဏ္ဍများအား စုဖွဲ့ထားရှိရန်၊ PRစနစ်အကြောင်း၊ မြေပြင်အမှန်ပါတီဝင်စာရင်းအမှန်ပြုစုထားရှိရန် စသည်တို့ကို ရှင်းလင်း တင်ပြခဲ့သည်။ ရှင်းလင်းချက်များအပေါ်ရပ်ကျေး/ ပါတီဝင်များမှပါတီ၏ လုပ်ငန်းကိစ္စရပ်များ လုပ်ဆောင် နေမှုများအား ရှင်းလင်းတင်ပြဆွေးနွေးခြင်း၊ အကြံပြုခြင်းတို့အားဆွေးနွေးတင်ပြခဲ့ကြသည်။ တင်ပြချက်များ အပေါ် မြို့နယ်ပါတီတာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိုင်းခဲ့သည်။