မင်္ဂလာဒုံခရိုင်ပြည်ခိုင်ဖြိုးပါတီ၊ တိုင်း/ ခရိုင်နှင့်မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာဘာ ၁၃

မင်္ဂလာဒုံခရိုင်ပါတီရုံးအစည်းဝေးခန်းမ၌ ဗဟိုနှင့်တိုင်းကော်မတီဝင်၊ ခရိုင်နယ်မြေတာဝန်ခံ ဦးတင်မောင်ဝင်း၊ ခရိုင်ပါတီ ဥက္ကဌ ဦးမျိုးမင်းနိုင်၊ ခရိုင်ပါတီအတွင်းရေးမှုး ဒေါ်ချမ်းမြအေး၊ ခရိုင်ပါတီဘဏ္ဍာရေးမှုး ဦးထွန်းထွန်းဦး ခရိုင်ပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းဝေးအားနေ့လည်(၁၃:၀၀ မှ ညနေ၁၅:၃၀)နာရီအချိန်အထိ ပြုလုပ်ကျင်းပခဲ့ပါသည်။

ဦးစွာပထမ ဗဟိုနှင့်တိုင်းပါတီကော်မတီဝင်၊ ခရိုင်နယ်မြေပါတီတာဝန်ခံ ဦးတင်မောင်ဝင်းက ပါတီဥက္ကဌ ဦးခင်ရီ၏ လမ်းညွှန်မှာကြားထားသော ပါတီဝင်အင်အား၊ ဝန်းရံအင်အားစာရင်းများ မှန်ကန်စေရေးနှင့် တိုးပွားလာရေး၊ အသွင်သစ်နှင် ဆက်ဆံရေး၊  ပါတီပုံရိပ် လူပုဂ္ဂိုလ်ပုံရိပ် မြှင့်တင်ရေး၊ ပါတီဝင်အသစ်များ လေ့ကျင့်ပညာပေးနိုင်ရေး၊ Smart Party ဖြစ်ရေး၊ ရပ်/ကျေးအဆင့်ထိ ကွင်းဆင်းပြီး ထိတွေ့ဆက်ဆံရေး၊ အုပ်စုဖွဲ့ ပုဂ္ဂိုလ်စွဲမရှိဘဲ ပါတီအောင်နိုင်ရေးကို အဓိကဦးစားပေးရေး၊ ဥပဒေပိုင်းဆိုင်ရာများ သိရှိနားလည်အောင် လေ့လာဆည်းပူးရေး၊ တန်းတူရည်တူဆက်ဆံရေး၊ မီဒီယာကဏ္ဍ အလေးထားရေး၊ ပါတီဝင်များလုံခြုံရေး၊ အကူအညီလိုအပ်နေသူများအား ကူညီထောက်ပံ့ပေးရေးနှင့် ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းစဉ် (၈)ရပ် တို့ကို အကျယ်တဝင့် ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ပါတီဥက္ကဌ ဦးမျိုးမင်းနိုင်မှ မဂ်လာဒုံခရိုင်ပါတီလက်အောက်ရှိ မြို့နယ်များ၏ အချက်အလက်များအား ရှင်းလင်းတင်ပြခြင်းနှင့် ခရိုင်ပါတီအတွင်းရေးမှုးဒေါ်ချမ်းမြအေးမှ မြို့နယ်အလိုက် ပါတီရေးရာများအား ခွဲဝေပေးခြင်းနှင့် ရပ်ကွက်အလိုက်နယ်​မြေတာဝန်ခံများ ခွဲဝေပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ဆက်လက်ပြီး ​မြို့နယ်ပါတီကော်မတီဝင်များအနေဖြင့် မိမိတို့ တာဝန်ယူထားသော ရေးရာကဏ္ဍများအလိုက် စနစ်တကျအရှိန်မြှင့်ဆောင်ရွက်ကြရေးဆွေးနွေးခဲ့ကြောင်းသိရပါသည်။

မင်္ဂလာဒုံခရိုင်  USDP

မီဒီယာ