တိုင်းပါတီအတွင်းရေးမှူးဒေါ်ခင်စောမူ ရက် ၉၀ စီမံချက် ရှင်းလင်းပွဲပြုလုပ်

ကန်ကြီးထောင့် နိုဝင်ဘာ ၁၃

ခရိုင်ဥက္ကဌဦးစိုးဝင်း ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဒေါ်ခင်စောမူသည် ကန်ကြီးထောင့်မြို့နယ် ပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ကျေးရွာအုပ်စု ၆၄ အုပ်စုမှ ရပ်ကျေးဥက္ကဋ္ဌများနှင့်တွေ့ဆုံကာ ရက် ၉၀ စီမံချက်နှင့် ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပုသိမ်ခရိုင်ပါတီ ဥက္ကဋ္ဌမှ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များရှင်းလင်းခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ မှ PR စနစ်နှင့် ပြုလုပ်မည့်ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့သည်။