အင်ဂျင် ၂ လုံးတပ် ကမ္ဘာ့ အသေးဆုံး လေယာဉ်ပျံ

Video ကြည့်ရှုရန် Link  —   https://youtu.be/GflVGc6Yet4

Colomban Cri-Cri ခေါ် Cri-Cri ဟာ ကမ္ဘာ့ အသေးဆုံး အင်ဂျင် ၂ လုံးတပ် လေယာဉ်ပျံ ဖြစ်ပြီး ပြင်သစ် လေယာဉ် အင်ဂျင်နီယာ Michel Colomban က ၁၉၇၀ ခုနှစ် အစောပိုင်းက ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

Cri-Cri ဟာ Colomban ရဲ့ သမီးတွေထဲက ၁ ယောက် ဖြစ်တဲ့ Christine ရဲ့ အိမ်နာမည် ဖြစ်ပါတယ်။ ပြင်သစ် ဘာသာစကားအရ Cri-Cri ဟာ ခရစ်ကတ်ရဲ့ အသံလို့ အဓိပ္ပါယ်ရသလို ဓါးခုတ်ကောင် မျိုးစိတ်နဲ့ သက်ဆိုင်နေပါတယ်။ Coloban က လေယာဉ်ရဲ့ အမည်ကို ဘယ်လို အဓိပ္ပါယ်နဲ့ ပေးထားသလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိပါဘူး။

Colomban ဟာ အလွယ်တကူ တည်ဆောက်နိုင်အောင်နဲ့ ပျံသန်းနိုင်အောင် လေယာဉ်ကို ဖန်တီးထားပြီး အင်ဂျင် ၁ လုံးတပ် လေယာဉ်ကို မောင်းနှင်နိုင်တဲ့ အသိအမှတ်ပြု လက်မှတ်ရထားတဲ့ ပိုင်းလော့တွေတောင် Cri-Cri ကို မောင်းနှင်နိုင်ပါတယ်။ လေယာဉ်မှူး အခန်းကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ထားပြီး လေယာဉ်ဟာ အရွယ်အစား သေးငယ်တဲ့အတွက် ကားဂိုဒေါင်ထဲမှာ ထည့်ထားနိုင်ပါတယ်။ လေယာဉ် အစိတ်အပိုင်းတွေကို တပ်ဆင်တာနဲ့ ဖြုတ်တဲ့ အချိန်ဟာ ၅ မိနစ်ပဲ ကြာပါတယ်။

လေယာဉ် အရှည်က ၃.၉ မီတာနဲ့ တောင်ပံက ၄.၉ မီတာ ရှိပြီး အလေးချိန်က ၇၈ ကီလိုဂရမ် ရှိပါတယ်။ အမြန်ဆုံး အနေနဲ့ ၁ နာရီကို ၂၂၀ ကီလိုမီတာ မောင်းနှင်နိုင်ပြီး အကွာအဝေး အနေနဲ့ ၄၆၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

Ref : wingsnews/ digitaltimes.com.mm