ရန်ကုန်မြို့၏ ပထမဆုံး ရေပေါ်ညဈေးကို ဗိုလ်တထောင်ကမ်းနားတွင် ပြုလုပ်မည်

ရန်ကုန်မြို့၏ ထမဆုံး ရေပေါ်ညဈေးကို ဗိုလ်တထောင်ဘုရားကမ်းနားရှိ ဆိပ်ခံတံတားအမှတ် (၅) The Love Boat Bridge တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ရန်ကုန်မြို့မှာ ရေပေါ်ဈေးမရှိဘူး အိမ်နီးခြင်းနိုင်ငံတွေမှာကျတော့ ရေပေါ်ဈေးတွေ လုပ်ပြီး ရောင်းချနေတာ ရှိတယ်။ ဒါ့ကြောင့် ရန်ကုန်မြစ်အလှရယ်၊ ရိုးရာအစားအစာတွေကို နိုင်ငံတကာကို ချပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ ဖြစ်ပါတယ်” ဟု တော်ဝင်ချမ်းသာ ကုမ္ပဏီမှ  တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ရေပေါ်ဈေးတွင် ၅ ပေ ကျယ်ဝန်းသည့် ဆိုင်ခန်း ၃၀ ကျော်က ရိုးရာအစားအစာများနှင့် အသုံးအဆောင်များကို တိုင်းရင်းသားရိုးရာ ၀တ်စုံများ ၀တ်ဆင်ပြီး ရောင်းချကြမည်ဖြစ်ကာ ဈေးပွဲတော်ရက်တွင် အင်းလေးကဲ့သို့ လှေဈေးများပါဝင်မည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကိုလည်း ပြုလုပ်သွားမည်ဟု သိရသည်။

ရေပေါ်ညဈေးကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၈ ရက်ထိ ညနေ ၃ နာရီ မှ  ည ၉ နာရီထိ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး မည်သူမဆို လာရောက်လည်ပတ်နိုင်မည် ဖြစ်သည်။ popularnews