နေပြည်တော်တွင်ကျင်းပနေသည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့တွင် ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချခဲ့

၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို အောက်တို ဘာ ၂၀ ရက်တွင် နေပြည်တော်ရှိ မဏိရတ နာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချခဲ့ရ ကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။ ပြပွဲဒုတိယနေ့၌ ရောင်းချမည့်အမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးပြီး စျေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်း ထည့်သွင်းခဲ့ပြီးနောက် ပြပွဲတွင်ရောင်းချသည့် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၂၀၀ အထိ တင်သွင်းထားသော စျေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၁) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် (၂) ကို ညနေ ၅ နာရီ တွင် ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း ၁၈၉ တွဲ ရောင်းချခဲ့ရကြောင်း သတင်းထုတ်ပြန်မှုအရ သိရသည်။

အလားတူ ပြပွဲတတိယနေ့တွင် ပုလဲအတွဲပေါင်း ၄၀၀ အနက်မှ ကျန်ရှိသည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ဆက်လက်ရောင်းခ ျပေးမည်ဖြစ်ကြောင်းသိရသည်။

ယခုကျင်းပပြုလုပ်သည့် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၂၅ ရက်အထိ ကျင်းပနေခြင်း ဖြစ်ပြီး ပြပွဲတွင် ပုလဲအတွဲ ၄၀၀၊ ကျောက် မျက်အတွဲ ၁၂၀ နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ တို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ယခုပြပွဲတွင် ပုလဲအတွဲများအတွက် ကြမ်းခင်းစျေးကို အမေရိကန်ဒေါ်လာဖြင့် သတ်မှတ်ထားရှိပြီး ငွေပေးချေမှုကို ပြည်ပ ရတနာကုန်သည်များက အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေများဖြင့် လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်းနှင့် ပုလဲအတွဲများအတွက် အနိမ့်ဆုံးအခြေခံစျေးမှာ အမေရိကန်ဒေါ် လာ ၁၀၀၀ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ကျောက်မျက်၊ ကျောက်စိမ်းအတွဲများအတွက် ကြမ်းခင်းစျေးကို ယူရိုငွေဖြင့် သတ်မှတ်ထားရှိပြီး ပြည်ပရတနာ ကုန်သည်များက အမေရိကန်ဒေါ်လာ၊ ယူရို၊ တရုတ်ယွမ်၊ ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းရတနာကုန်သည်များက ကျပ်ငွေဖြင့်လည်းကောင်း ပေးချေရမည်ဖြစ်ကြောင်းနှင့် ကျောက်မျက်အတွဲများ အတွက် အနိမ့်ဆုံးအခြေခံစျေးမှာ ယူရို ၅၀၀ ဖြစ်ကြောင်း၊ ကျောက်စိမ်းအချောထည်အတွဲများအတွက် အနိမ့်ဆုံးအခြေခံစျေးမှာ ယူရို ၁၀၀၀ နှင့် ကျောက်စိမ်းအရိုင်းအတွဲများအတွက် အနိမ့်ဆုံးအခြေခံစျေးမှာ ယူရိုငွေ ၅၀၀၀ ဖြစ်ကြောင်း သိရသည်။ elevennews