ပါတီညီလာခံ အောင်မြင်စွာပြီးမြောက်ခြင်းအတွက် ပါတီရုံးဝင်းသန့်ရှင်းရေး စစ်တွေ ပြည်ခိုင်ဖြိုးပြုလုပ်

စစ်တွေ၊ အောက်တိုဘာ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ်ပါတီညီလာခံအောင်မြင်စွာ ပြီးမြောက်ခြင်းကို ဂုဏ်ပြုသောအားဖြင့် စစ်တွေ မြို့နယ်ပါတီရုံး ပရဝုဏ် သန့်ရှင်းရေး လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ရှားမှုကို ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲ ၁ နာရီက စစ်တွေ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးကျော်စိန်နှင့် ကော်မတီဝင်များ၊ ပါတီလူငယ်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ပါတီကော်မတီဝင် ဒေါ်အေးမာခင် (အမျိုးသမီးရေးရာတာဝန်ခံ) မှ အာဟာရဒါနများ ကျွေးမွေးလှူဒါန်းခဲ့သည်။