မိုးကုတ်မြို့ တွင် ဖျားနာသူတစ်ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာCovid-19 ပိုးတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် အသက် ၅၁ နှစ်အရွယ် ကိုဗစ်-၁၉ ကာကွယ်‌ဆေးနှစ်ကြိမ်ထိုးပြီးသူ အမျိုးသားသည် ဖျားနာနေသဖြင့် မိုးကုတ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်ပိုး ရှိ/ မရှိ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ Covid-19 ပိုးတွေ့ရှိခဲ့ပါ​ကြောင်​း အဆိုပါ ကိုဗစ်ပိုးတွေ့လူနာအား မိုးကုတ်ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်၌ လိုအပ်သော ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးထားပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအား ကိုဗစ်ပိုး ရှိ/မရှိ ဆက်လက်စစ်ဆေးသွားမည်​ ဟု မိုးကုတ်မြို့နယ် Covid -19ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦး ကပြော​ကြားသည်။

 “မိုးကုတ်​မြို့ အ​ရှေ့ပိုင်​းက ၅၁အရွယ်​ အမ​ျိူးသား ဖြစ်​ပါတယ်​ သူက ကာကွယ်​​ဆေး ၂ကြိမ်​ ထိုးပြီးပြီး ဒါ​ပေမဲ့ သူက ဖျား​နေလို့ မသကာင်္ လို့ ​ဆေးရုံကို လာပြီး စစ်​ခိုင်​းတာ RDT စစ်​​တော့ ကိုဗစ်​ပိုး​တွေ့ခဲ့တယ်​ ။ ပိုး​တွေ့တဲ့ အတွက်​ ​ဆေးရုံမှာ တခါတည်​း အထူးကြပ်​မတ်​​ဆောင်​မှာ လိုအပ်​တဲ့ ကျန်​းမား​ရေး​စောင်​့​ရှောက်​မူ​တွေ လုပ်​ထားပါတယ်​ ။ သူနဲ့ ဆက်​စပ်​တဲ့ သူ မိသားစု ဝင်​​တွေကို ထပ်​ စစ်​ဖို့ လုပ်​​နေပါတယ်​ ။ လုပ်​ရှိ လူနာ အ​နေအထား က ​ကောင်​းပါတယ်​ ​။အောက်​စီဂျင်​ ကျ တာတို့လည်​ မရှိပါဘူး လက်​ရှိက BA4 BA5 တို့က ရှိ​နေ​တော့ သူရဲ့ စစ်​ထားတာကို ယူပြီး​တော့ မန္တ​လေး ပြည်​သူ​ဆေးရုံကြီး ကို ပို့ပြီး စစ်​ဖို့ လုပ်​​နေပါတယ်​ မိုးကုတ်​မှာ ပိုး အမျိူ းအစား ခွဲခြားလို့ မရဘူး ​လော​လောဆယ်​ ကိုဗစ်​၁၉ ပိုး​တွေ့ လို့ ​ပြောလို့ရပါအုံးမယ်​ မန္တ​လေး ပို့ပြီးမှ စစ်​တာ အ​ဖြေ ရပြီးမှ ကျန်​တာ ​ပြောလို့ ရပါမယ်​ သူ ရဲ့ လက္ခဏာ မှာ ထူးထူးခြားခြား မ​တွေ့ပါဘူး” လို့ ဟု မိုးကုတ်မြို့နယ် Covid -19ကာကွယ်ထိန်းချုပ်ရေးနှင့် အ​ရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် တစ်ဦး ကပြော​ကြားသည်။

၎င်း ပိုးတွေ့လူနာ၏ ကျန်းမာရေး အခြေအနေမှာ လက်ရှိတည်ငြိမ်လျက်ရှိပြီး၊ ကိုဗစ်ပိုးအမျိုးအစား သိရှိနိုင်ရေးအတွက် ဓါတ်ခွဲနမူနာရယူပြီး MHL သို့ ပေးပို့စစ်ဆေးသွားမည် ဖြစ်ပါကြောင်းသိရပါသည်​၊၊