ပြည်ခိုင်ဖြိုးပါတီ မှ မင်္ဂလာတောင်ညွန့် နေ့ကလေးထိန်းကျောင်း ရှိ ကလေးငယ်များ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း ၊အဘိတ်ဆေးခပ်ခြင်းများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် မင်္ဂလာ တောင်ညွန့် မြိုနယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တောင်ညွန့်ကြီးရပ်ကွက်၊မင်္ဂလာတောင်ညွန့် နေ့ကလေးထိန်းကျောင်းရှိ ကလေးငယ်များ ကျန်းမာရေးအတွက် ခြင်ဆေးမှုတ်ခြင်း ၊အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို စက်တင်ဘာ(၂၄ )ရက်နေ့ ညနေ( ၄ )  နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ ခြင်ဆေးမှုတ်ခြင်းနှင့်အဘိတ်ဆေးခပ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုများကို မင်္ဂလာတောင်ညွန့်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှုး ဦးတင်ရှိန် ဦးဆောင်၍ မြို့နယ်ကော်မတီဝင် ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ဦးအေးလွင်၊ ရပ်ကွက်ပါတီခေါင်းဆောင် ဦးကံဒိုင်နှင့်အမာခံပါတီဝင်များဖြင့်ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။