အမျိုးသမီးညီလာခံအား ထောက်ခံကြိုဆို ကျောင်းသားကျောင်းသူများအား စာရေးကိရိယာများပေးအပ်လှူဒါန်း

 

မြန်အောင် စက်တင်ဘာ ၁၂

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီမှ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်၊ မြို့နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးအောင်မျိုးဦး၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရှားတောကျေးရွာမှ လူငယ်ရေးရာ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ သည် အမျိုးသမီးညီလာခံ ၂ဝ၁၈ အား ထောက်ခံကြိုဆိုသောအားဖြင့် စာရေးကိရိယာများ ပေးအပ်လှူ ဒါန်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

တယ်ကုန်းကျေးရွာအုပ်စုရှိ အမကရှားတော ရေလယ်ကျွန်း (ရေနံတယ်ကုန်း)ကျောင်းတွင် ပညာသင်ကြားနေကြသော KG တန်းမှ ကျောင်းသားကျောင်းသူ ၂၁ ဦးနှင့် ပထမတန်းမှ စတုတ္ထ တန်းထိ ပညာသင်ယူနေသော ကျောင်းသားကျောင်းသူ ၄၄ ဦး စုစုပေါင်း ၆၅ ဦးတို့အား ယမန် နေ့ မွန်းတည့် ၁ နာရီက ဗလာ စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံအစ ရှိသည့် စာရေးကိရိယာများနှင့် အာဟာရဒါနမုန့်များကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြန်အောင်ပြည်ခိုင်ဖြိုးပါတီ သည် ယခု ၂ဝ၁၈-၂ဝ၁၉ ပညာ သင်နှစ်တွင် ကျောင်းပေါင်း ငါး ကျောင်းရှိ ကျောင်းသားကျောင်း သူ ပေါင်း ၂ဝဝကျော်ကို အာဟာရ ဒါနကျွေးမွေးခြင်း၊ စာရေးကိရိယာ များလှူဒါန်းခြင်းတို့ကို ဆောင်ရွက် ခဲ့ကြောင်း မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်ထံမှ သိရသည်။ အခြေခံပညာမူလတန်းကျောင်း များတွင် အာဟာရဒါနနှင့် စာရေး ကိရိယာများအား ဆက်လက် လှူ ဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မိုးလေး(မြန်အောင်)