ပါတီဗဟိုတာဝန်ရှိသူများ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ တက်ရောက်

 

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးနှင့် လူငယ်လှုပ်ရှားမှု ပြိုင်ပွဲအဖြစ် ဖေဖေါ်ဝါရီလ (၁၈) ရက် နံနက် (၉:၃၀) နာရီကမြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီကော်မတီရုံးတွင် ကျင်းပသည်။

အဆိုပါ ထမနဲထိုးပြိုင်ပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပြည်ခိုင်ဖြိုး ပါတီဥက္ကဌ ဦးခင်မောင်စိုး ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒါက်တာကျော်စိုး။ ဘဏ္ဍာရေးမှူး ဒ်ါအေးမင်းမိုးနှင့်တိုင်းပါတီကော်မတီဝင်များ ခရိုင်ပါတီဥက္ကဌများ မြို့နယ်ပါတီဥက္ကဌများ အမျိုးသမီးနှင့် လူငယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ပြိုင်ပွဲကို ပါတီဗဟိုအတွင်းရေးမှူး ဒါက်တာစန်းစန်းနွယ် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုး အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း လူငယ်ရေးရာ တာဝန်ခံ ဦးမိုးဝင်းကျော်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ခရိုင်လေးခရိုင်ကိုယ်စားပြု အဖွဲ့များမှ ပါဝင်ယှဉ်ပြိုင်ကြရာ အမျိုးသမီးနှင့် လူငယ်အဖွဲ့ဝင်များမှ ပျော်ပျော်ရွှင်ရွှင် အားပေးကြသည်။

ထို့နောက် ဆုရသည့် ခရိုင်အဖွဲ့များအား ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်၊ ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးတို့မှ ပထမဆုရ တောင်ပိုင်းခရိုင်အသင်း၊ဒုတိယဆုရ အရှေ့ပိုင်းခရိုင်အသင်း၊ တတိယဆုရ မြောက်ပိုင်းခရိုင်အသင်းနှင့် နှစ်သိမ့်ဆုရ အနောက်ပိုင်းခရိုင်အသင်းတို့ကို ဆုများအသီးသီး ပေးအပ်ချီး မြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ထိန်ဝင်း(YGN)