နစက နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် NDAA၊ SSPP၊ UWSP အဖွဲတို နေပြည်တော်သို ရောက်ရှိလာ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ခေါ်ချက်အရ ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ(NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ငြိမ်းချမ်းရေးကိုယ်လှယ်အဖွဲတို စက်တင်ဘာ ၂၅ ရက်က နေပြည်တော်သို ရောက်ရှိလာကြောင်း သိရသည်။

တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတိုအတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိင်၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စပ်ခွန်ဆိုင်၊ “ဝ”ပြည် သွေးစည်း ညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကုတို ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲတို နေပြည်တော်သို ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ(NDAA) ဒုတိယဥက္ကဋ္ဌ ဦးစန်းပေ့၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စပ်ခွန်ဆိုင်၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု တို ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲများအား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိင်းရေးကော်မတီ အဖွဲဝင်နှင့် တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီနှင့် ဝန်ကြီးဌာန များမှ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်း သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများက “ထာဝရ ငြိမ်းချမ်းရေး ကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးကိုရရှိရေးသည် ပြည်သူတစ်ရပ်လုံး ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို တွေ့ဆုံဆွေးနွေးကြပါစို၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ” စသည့် စာသားပါဆိုင်းဘုတ်များကိုင်ဆောင်၍လည်းကောင်း၊ နိုင်ငံတော်အလံငယ် များ ကိုင်ဆောင်၍လည်းကောင်း ကြိုဆိုခဲ့ကြကြောင်းသိရသည်။