ပူတင်သည် ရုရှားနိုင်ငံသားများကို သေတွင်းပိုနေသည်ဟု ဇယ်လန်စကီး စွပ်စွဲ

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စ ကီးက စက်တင်ဘာ ၂၄ ရက်တွင် ၎င်းင်း၏ ည နေခင်းမိန့်ခွန်းအတွင်း ရုရှားနိုင်ငံသားများ ကို မေတ္တာရပ်ခံချက်တစ်ခုပြုလုပ်ခဲ့ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်သည် ၎င်းင်းနိုင်ငံသား များကို တမင်တကာ သေတွင်းပိုနေသည်ဟု သတိပေးခဲ့သည်။ ဇယ်လန်စကီးသည် ရုရှား ဘာသာစကားဖြင့် မိန့်ခွန်းပြောကြားရာတွင် ရုရှားတပ်ဖွဲများကို လက်နက်ချရန် တိုက် တွန်းခဲ့ပြီး လက်နက်ချမည်ဆိုပါက အရပ် သားတစ်ဦးကဲ့သို ဆက်ဆံခံရမည်ဖြစ်ကြောင်း နှင့် လက်နက်ချပြီးနောက် မိမိတို၏နောက် ကြောင်းအခြေအနေကို မည်သူကမျှ သိရှိ လိမ့်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားအစိုးရက မိမိသဘောဆန္ဒအလျောက် လက်နက်ချသည့် စစ်သားများ သိုမဟုတ် စစ်တိုက်ရန်ငြင်းဆိုသည့် စစ်သားများကို ထောင်ဒဏ် ၁၀ နှစ်အထိချမှတ်ခံရမည်ဟု ဖော်ပြမှုနှင့်အတူ စက်တင်ဘာ ၂၄ ရက် တွင်ပြစ်ဒဏ် များကို ပိုမိုတင်းကျပ်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ဇယ်လန်စကီးက ယခု ကဲ့သို ပြောကြားခဲ့ခြင်းဖြစ်သည်။ ရုရှား အစိုး  ရ၏ အတင်းအကျပ် စစ်သားစုဆောင်းမှုမှ ထွက်ပြေးတိမ်းရှောင်ခြင်း၊ လက်နက်ချ ခြင်းတိုသည် စစ်ပွဲအတွင်းသေဆုံးခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။