စပိန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ရှုးပွဲရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ် UEFA Nations League ပြိုင်ပွဲ မှတ်တမ်းဝင်

စက်တင်ဘာ (၂၅)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော UEFA Nations League အုပ်စုပွဲစဉ်တွင် စပိန်လက်ရွေးစင် အသင်းက ဆွစ်ဇာလန်လက်ရွေးစင်အသင်းအား  (၁-၂)ဂိုးဖြင့် ရှုးနိမ့်ခဲ့ပြီး ယင်းပွဲအပြီးတွင် စပိန်လက်ရွေးစင်အသင်း အနေဖြင့် အသင်းသမိုင်း၏ မှတ်တမ်းဆိုးတစ်ခုကိုပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ စပိန်လက်ရွေးစင်အသင်းအနေဖြင့် Nations League ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် (၁၇)ပွဲကစားထားရာတွင် ရှုးပွဲ (၅)ပွဲအထိရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၂၉.၄%)အထိရှိခဲ့ရာ အသင်းသမိုင်းတစ်လျှောက် အရှုးရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ်မှတ် တမ်းဝင်ခဲ့ ကြောင်း သိရသည်။

စပိန်လက်ရွေးစင်အသင်းအနေဖြင့် အသင်းသမိုင်းတစ်လျှောက်တွင် ပွဲစဉ် (၁၀)ပွဲနှင့်အထက်ကစားဖူးခဲ့သော ပြိုင်ပွဲ (၄)ခုရှိပြီး ကမ္ဘာ့ဖလား၊ ယူရို၊ Nations League နှင့် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲတိုဖြစ်ပြီး ယင်းပြိုင်ပွဲများထဲတွင် Nations League ပြိုင်ပွဲမှာ အရှုးရာခိုင်နှုန်းအ များဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ စပိန်လက်ရွေးစင် အသင်းသည် အသင်းသမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်ပွဲစဉ် (၆၃)ပွဲကစားခဲ့ရာတွင် (၁၅)ပွဲသာ ရှုံးနိမ့်ခဲ့ပြီး အရှုးရာခိုင်နှုန်း (၂၄%)သာရှိခဲ့သလို ယူရိုပြိုင်ပွဲတွင်လည်း (၄၆)ပွဲကစားရာတွင် (၁၀)ပွဲသာရှုးနိမ့်ခဲ့ပြီး အရှုးရာခိုင်နှုန်း (၂၂%)သာရှိခဲ့သည်။ ထိုအတူ ကွန်ဖက်ဒရေးရှင်းပြိုင်ပွဲတွင်လည်း (၁၀)ပွဲကစားထားရာတွင် ရှုးပွဲ (၂)ပွဲသာရှိခဲ့ပြီး (၂၀%)သာရှုးနိမ့်ခဲ့သောကြောင့်  Nations League ပြိုင်ပွဲမှာမှာ စပိန်လက်ရွေးစင်အသင်း သမိုင်းတစ်လျှောက် ရှုးပွဲရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈-၁၉ ရာသီကစတင်ကျင်းပခဲ့သည့် Nations League ပြိုင်ပွဲမှာ ယခုတစ်ကြိမ်အပါအဝင် (၃)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး စပိန်အသင်းအနေဖြင့် ပြီးခဲ့သည့် (၂)ကြိမ်တွင် ၂၀၂၀-၂၁ ရာသီပြိုင်ပွဲ၌ ဒုတိယတစ်ကြိမ်ရရှိ ထားကြောင်းသိရသည်။ စပိန်အသင်းအနေဖြင့် ယခု ၂၀၂၂-၂၃ ရာသီ Nations League ပြိုင်ပွဲတွင်မူ ဆီမီးဖိုင်နယ်သို တက်ရောက်နိုင်ရန်အတွက် စက်တင်ဘာ (၂၈)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ပေါ်တူဂီအသင်းနှင့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် မဖြစ်မနေနိုင်ပွဲရယူရန်လို အပ်နေပြီး ယင်းပွဲတွင်ရှုးနိမ့်ခဲ့ပါက အရှုးရာခိုင်နှုန်းပိုမိုမြင့် တက်လာမည်ဖြစ်သည်။ ဆွစ်ဇာလန်အသင်းအားရှုးနိမ့်ခဲ့သည့်ပွဲစဉ်တွင် စပိန်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကိုသွင်းယူပေးခဲ့သည့် ဝါရင့်နောက်ခံလူ ယော်ဒီအယ်လ်ဘာ အနေဖြင့် လက်ရွေးစင်ကစားသမားဘ၀ ဂိုးပါဝင်ပတ်သက်မှု (၂၇) ကြိမ် (၉ ဂိုးသွင်း၊ ၁၈ ဂိုးဖန်တီး)အထိရှိလာခဲ့ပြီး ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ နောက်ပိုင်းမှစတင်ရေတွက် ပါက ရာမိုစ် (၂၈ ကြိမ်၊ ၂၁ ဂိုးသွင်း၊ ၇ ဂိုးဖန်တီး)၏နောက် ဒုတိယဂိုး ပါဝင်ပတ်သက်မှုအများဆုံး နောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။