ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ် ရီကိုလူးဝစ် မှတ်တမ်းဝင်

မန်စီးတီး လူငယ်နောက်ခံလူ ရီကိုလူးဝစ်ဟာ ဆီဗီလာကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲဦးထွက်မှာ အသက်အငယ်ဆုံးဂိုးသွင်းတဲ့ကစားသမားအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့ကြောင်းသိရပါတယ်။

ဆီဗီလာနဲ့ပွဲမှာ ပွဲထွက်ခွင့်ရချိန်မှာ ရီကိုလူးဝစ်ဟာ အသက် ၁၇ နှစ်နဲ့ ၃၄၆ ရက်သာရှိပါသေးတယ်။ သူဟာ အဆိုပါပွဲရဲ့ဒုတိယပိုင်းမှာ ဂိုးသွင်းနိုင်ခဲ့တာကြောင့် ချန်ပီယိဂ်မှာ ပွဲဦးထွက်ဂိုးသွင်းတဲ့အသက် အငယ်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ရီကိုလူးဝစ်မတိုင်ခင် ချန်ပီယံလိဂ်မှာ အသက်အငယ်ဆုံးဂိုးသွင်းတဲ့ကစားသမားက ရီးရဲလ်မက် ဒရစ်တိုက်စစ်မှူး ဘင်ဇီမာဖြစ်ပြီး ၁၇ နှစ်နဲ့ ၃၅၂ ရက်မှာ ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

-Ref: BBC sports