နိုင်ငံသား အသိအမှတ်ပြု ကတ္တစ္ခုခု ကိုင်ဆောင်ထားပြီး သန်းခေါင်စာရင်းရှိမှသာ လာမည့်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရမည်ဟု UEC ဥက္ကဋ္ဌ ပြော

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးသိန်းစိုးက စက်တင်ဘာ ၁၅ ရက်နံနက် ၉ နာရီတွင်ပြုလုပ်ခဲ့သည့် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်များ၏ မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်းနှင့်မဲရုံအရေအတွက်များ လျာထားသတ်မှတ်ခြင်းဆိုင်ရာညှိနှိင်းအစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

UEC အနေဖြင့် အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးပါက ဖွဲစည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကေရစီ အထွေထွေရွေးကောက်ပွဲအား ကျင်းပပေးသွားမည်ဟု ပြောသည်။

ထိုကြောင့် နိုင်ငံသားများအနေဖြင့် ဥပဒေနှင့်အညီ လွတ် လပ်စွာမဲပေးနိုင်ရန် နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံ သားပြုခွင့်ရသူကတ် တစ်မျိုးမျိုးနှင့် အိမ်ထောင်စုဇယားပုံစံ(၆၆/၆)များရှိရမည်ဟု ပြောသည်။

“ပုံစံ(၆၆/၆)ရွိမွသာ မိမိနေထိုင်ရာဒေသမဲစာရင်းမှာ ပါ ဝင်နိုင်မှာဖြစ်ပါတယ်။ မဲစာရင်းမှာပါမှသာ မဲပေးနိုင်တာကြောင့် မဲဆန္ဒရှင်ပြည်သူတွေ လွတ် လပ်စွာမဲပေးနိုင်ဖို့အတွက် တာဝန်ရှိတဲ့ဌာနတွေက ဥပဒေနဲ့အညီ ဆောင် ရွက်ပေးကြဖို့လိုပါတယ်”ဟု UEC ဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲအား အချိုးကျကိုယ်စားပြုစနစ်(PR)ပြောင်းလဲကျင့်သုံးမည်ဖြစ် ၍ မဲဆန္ဒရှင် ပြည်သူ များ လွယ်ကူစွာမဲပေးနိုင်ရန် UEC အနေဖြင့် က်ယ္က်ယ္ပြန့်ပြန့် အသိပေးဟောပြောသွားမည်ဟုပြော သည်။

အလားတူ မဲရုံများသတ်မှတ်ခွဲဝေရာတွင် ဝေးလံဒေသများနှင့်ခရီးသွားလာရန်ခက်ခဲသည့်ဒေသများအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲအ စည်းများနှင့်ညှိနှိင်းတိုင်ပင်၍ သတ်မှတ်ပေးရန် လိုအပ်သည်ဟု UEC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ထို့နောက် ဥတ္တရသီရိခရိုင်၊ ဒက္ခိဏသီရိခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲများမှ ရွေးကောက်ပွဲ အရာရှိများက မဲဆန္ဒရှင်စာရင်းများ စိစစ်ခြင်း၊မဲရုံအရေအတွက်များလျာထားသတ် မှတ်ခြင်းနှင့်မဲရုံသုံးပစ္စည်းများ လိုအပ်ချက်တို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။

အလားတူ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများကလည်း အကြံပြုဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးအား လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများဥပဒေနှင့်အညီ လွတ်လပ်စွာ မဲပေးနိုင်ရန် နေပြည်တော်အတွင်းရှိ မဲဆန္ဒရှင်စာရင်းများစိစစ်ခြင်း၊ မဲရုံနေရာများ သတ်မှတ်ခွဲဝေခြင်း၊ မဲရုံသုံးပစ္စည်းများ ကြိုတင်ဖြည့်ဆည်းခွဲဝေခြင်းများအတွက် ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်ရန်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 source:popularjournal