တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၂၉)နှစ်မြောက်နှစ်ပတ်လည် အလှူတော် ဥက္ကံမြို့ဘိုးဘွားရိပ်သာ၌ ကျင်းပ

စက်တင်ဘာ ၁၅၊ တိုက်ကြီး

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်၏ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်မှစတင်ကာ ဥက္ကံမြို့ ဦးမောင်ရုံး+ဒေါ်ရင် ဘိုးဘွားရိပ်သာ၌ တစ်နေ့တာအာဟာရ အလှူတော်ပွဲ ကျင်းပခဲ့ပါသည်။

ရှေ့ဦးစွာ မြို့နယ်ပါတီတာဝန်ရှိသူများက ဘုရားအမှူးပြုသော သံဃာတော်များထံမှ သရဏဂုံသုံးပါးနှင့်တကွ ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ကာ သံဃာတော်အရှင်သူမြတ်(၅)ပါးအား ဝါဆိုလျာသင်္ကန်းနှင့် ဝတၳဳငွေများ ဆက်ကပ်လှူဒါန်းပြီးကုသိုလ်ကောင်းမှုတိုအား အမျှအတန်းပေးဝေကြပါသည်။

ယင်းနောက် ကြွရောက်တော်မူလာကြသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ရိပ်သာရှိဘိုးဘွားတို့အား တစ်နေ့တာအာဟာရများ ကျေွးမွေးလှူဒါန်းခြင်း၊ ဖိတ်ကြားထားသော မြို့မိမြို့ဖများ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ မြို့နယ်ပါတီနာယကများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးပါတီခေါင်းဆောင်များအား နေ့လည်စာတည်ခင်း ဧည့်ခံကြသည်။

ယင်းသို့ လှူဒါန်းဆောင်ရွက်ခြင်းသည် ဘိုးဘွားရိပ်သာ စတင်ထူထောင်ခဲ့သည့် ၂၀၀၄ ခုနှစ်မှစတင်၍ ယနေ့အထိ (၁၉)ကြိမ်မြောက် လှူဒါန်းမှုဖြစ်ပြီး ရာသက်ပန်အလှူရှင်အဖြစ် နှစ်စဉ်လှူဒါန်းသွားမည်ဖြစ်ပါသည်။

အလားတူ ၈-၆-၂၀၁၀ ပြည်ခိုင်ဖြိုးပါတီ စတင်ဖွဲ့စည်းခဲ့သည့်ကို အထိမ်းအမှတ်ပြု၍ နှစ်စဉ် ဇြန္လ (၁၀)ရက်နေ့ ရောက်တိုင်း ယခုကဲ့သို့ လှူဒါန်းခဲ့ရာ(၁၂)ကြိမ် ပါတီအထိမ်းအမှတ်ဖြစ်ကာ ရာသက်ပန်အလှူရှင်အဖြစ်လည်း ဆက်လက်လှူဒါန်းသွားမည်ဖြစ်သည်။

ပြည်ခိုင်ဖြိုးအသင်း စတင်တည်ထောင်ခဲ့စဉ်မှစ၍ မြို့နယ်တာဝန်ရှိသူ အဆင့်ဆင့်တို့က လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြပြီး နှစ်စဉ်ရာသက်ပန်အလှူတော်အဖြစ် ကုသိုလ်ယူဆောင်ရွက်နေကြောင်းလည်းသိရသည်။