ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီအားဂုဏ်ပြုဆုချီးမြှင့်

 

ပြည်ထောင်စုနယ်မြေ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က ပြည် ထောင်စုနယ်မြေအတွင်းရှိ ပြည်ခိုင် ဖြိုး မြို့နယ်ပါတီများတွင် ပါတီဝင် နှစ်စဉ်ကြေးအများဆုံး ကောက်ခံ ရရှိပေးသော ဒက္ခိဏသီရိမြို့နယ် ပါတီအား ဂုဏ်ပြုဆုငွေ ခြောက် သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်ပြည်ခိုင်ဖြိုး ပါတီသည် နေပြည်တော်အတွင်း ရှိ အခြားမြို့နယ် ပြည်ခိုင်ဖြိုး ပါတီများထက် ပိုမို၍ ပါတီဝင် နှစ်စဉ်ကြေးကောက်ခံ၍ ပြည်ခိုင် ဖြိုးပါတီဌာနချုပ်သို့ ပေးသွင်းနိုင် သဖြင့် ဦးဝေလွင်က ဂုဏ်ပြုဆု ချီးမြှင့်ခြင်းဖြစ်ကြောင်းသိရသည်။

နေပြည်တော် ဇဗ္ဗူသီရိမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေရုံးတွင် ယနေ့နံနက် ၉ နာရီခွဲ ၌ ပြည်ထောင်စုနယ်မြေ ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးဝေလွင်က တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံ ခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ တွင် ပြည်ထောင်စုနယ်မြေ၊ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဝေလွင်ကပါတီ၏ လုပ်ဆောင်လျက်ရှိသော ဆောင်ရွက်ချက်များအား ဆွေးနွေး ခဲ့ပြီး တက်ရောက်လာသူများ၏ ဆွေးနွေးချက်များကို ပြန်လည်၍ ဖြည့်ဆည်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ထို့နောက် ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ်ပါတီများတွင် အများဆုံးပါတီဝင်နှစ်စဉ် ကြေး ကောက်ခံပေးသွင်းနိုင်ခဲ့သော ဒက္ခိဏသီရိမြို့နယ်ပါတီကို ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ရာ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးဇော်မျိုးနိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီနာယက များဖြစ်သော ဦးခင်မောင်ဌေးနှင့်ဦးမှတ်ကြီး၊ ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးဌေးဝင်းနှင့် ကော်မတီဝင်များ၊ နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ကော်မတီဝင်များ၊ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌများ တက် ရောက်ခဲ့ကြပြီး မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံဆွေးနွေးပွဲပြီးဆုံး ခဲ့ကြောင်း သိရသည်။

ပေါ်ဦး