တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားများကို ပြန်လည်လက်ခံလျက်ရှိ

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသည့် မြန်မာအလုပ်သမားများကို တောင်ကိုရီးယားအစိုးရက ပြန်လည်လက်ခံလျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၏ထုတ်ပြန်ချက်အရသိရသည်။

စက်တင်ဘာ ၁၃ ရက် တွင် မြန်မာနိုင်ငံမှ တရား၀င်အလုပ်သမား ၁၁၁ ဦးမှာ ရန်ကုန်မြို့မှတစ်ဆင့် တောင်ကိုရီးယားနိုင်ငံ၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိခဲ့ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အလုပ်လုပ်ကိုင်ရန်ရောက်ရှိလာသည့် မြန်မာလုပ်သား ၁၁၁ ဦးအနက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်သားအဖြစ် အသစ်ဝင်ရောက်လုပ်ကိုင်မည့် လုပ်သားသစ် ၁၂ ဦး၊ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၇၅ ဦး၊ နှင့် ဆောက်လုပ်ရေးလုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်မည့် လုပ်သားသစ် ၂၄ ဦး တို့ပါ၀င်ကြောင်းသိရသည်။ sdtimedaily