ပေါင်မြို့နယ်အတွင်း ကျောင်းသားကျောင်းသူများအပါအဝင် COVID-19 Postitive လူနာသစ်ခုနစ်ဦး ထပ်မံတွေ့ရှိ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း စက် တင်ဘာ ၁၂ ရက်က ကျောင်းသား ကျောင်းသူ များအပါအဝင် COVID-19 Postitive လူ နာသစ်ခုနစ်ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း ပေါင် မြို့နယ်အခြေစိုက် ပရဟိတလူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

“စက်တင်ဘာ ၁၀ ရက်က ပေါင်မြို့နယ် ပြည်သူ့ဆေးရုံမှာ တွေ့ရှိခဲ့တဲ့ Positive လူနာ နဲ့ ထိတွေ့ဆက်စပ်ခဲ့သူ ၄၅ ဦးကို ဆေးစစ် ကြည့်လိုက်တဲ့အခါမှာ ဆေးရုံက အခြားအ မျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနဲ့ အထက (ပေါင်) စာသင်ကျောင်းက ကျောင်းသားသုံးဦး နဲ့ ကျောင်းသူနှစ်ဦးမှာပါ COVID-19 Postitive ဖြစ်နေတာကို စစ်ဆေးတွေ့ရှိတယ်လို့ သိရတယ်” ဟု ပရဟိတလူမှုကူညီကယ်ဆယ် ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်တင်ဘာ ၁၃ ရက်တွင်လည်း သက် ဆိုင်ရာကျန်းမာရေးဌာနက COVID-19 လူနာ များ၏ contact များအား ဆက်လက်စစ်ဆေး မှုများပြုလုပ်နေကြောင်းလည်း ၎င်းင်းက ဆက် လက်ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ် လအတွင်းက ဖြစ်ပွားခဲ့သော ကိုဗစ်ရောဂါ၏ မျိုးကွဲတစ်ခုဖြစ်သည့် omicron ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း လက်ရှိစက်တင်ဘာလအတွင်း တွင် ရောဂါကူးစက်မှုများ ပြန်လည်တွေ့ရှိလာ ရကြောင်းနှင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းများ ပြားလာနိုင်ကြောင်း ကိုဗစ်ရောဂါနှင့်ပတ်သက် ပြီး အကြံပေးကုသမှုများ လုပ်ဆောင်ပေးနေ သည့် ဆရာဝန်တစ်ဦးက သုံးသပ်ပြောကြား ထားသည်။

မွန်ပြည်နယ်အတွင်း ယခုနှစ်  ဇန်နဝါရီ လအတွင်း  ကိုဗစ်ပိုးတွေ့လူနာပေါင်း ၁၂၂ ဦးရှိခဲ့ရာမှ ဖေဖော်ဝါရီလအတွင်း ပိုးတွေ့လူ နာပေါင်း ၂၆၇၀ ဦးအထိရှိခဲ့ကြောင်း၊ မတ်လ အတွင်းကလည်း ပိုးတွေ့လူနာပေါင်း ၁၀၃၀ ဦးအထိရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ကိုဗစ်ပိုးတွေ့လူနာသေဆုံးမှုအနေဖြင့် ဇန်နဝါရီလတွင် ခုနစ်ဦး၊ ဖေဖော်ဝါရီ လတွင် ငါးဦးနှင့် မတ်လတွင် ရှစ်ဦးသာရှိခဲ့ သော်လည်း ပိုးတွေ့လူနာသေဆုံးမှုအရေအ တွက်မှာ ဖေဖော်ဝါရီလတစ်လတည်း ၃၀ ဦး ထက်မနည်းရှိခဲ့ကြောင်း ကိုဗစ်ရောဂါအရေး ကူညီဆောင်ရွက်ပေးခဲ့သူများ၏ ပြောကြား ချက်အရ သိရသည်။

ထိုကာလများအပြီး ဧပြီ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတတိယအပတ်အထိ ကာလများအ တွင်း  covid-19 ကူးစက်ကပ်ရောဂါနှင့် ပတ်သက်ပြီး ပြည်တွင်းကူးစက်ဖြစ်ပွားမှုနှုန်း အနည်းငယ်သာရှိခဲ့သော်လည်း သြဂုတ်လ စတုတ္ထပတ်မှစတင်ကာ ရောဂါကူးစက်ဖြစ်ပွား နှုန်းပြန်လည်များပြားလာကြောင်း ကျန်းမာ ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ Eleven