၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၃၅ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ရာခိုင်နှုန်း ၂၀ နီးပါး မြင့်တက်

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံး လ ပတ်အတွင်း မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုတန်ဖိုး ဒေါ်လာ ၂၃၅ သန်း ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူထက် ရာခိုင်နှုန်း ၂၀ နီးပါး မြင့်တက်ခဲ့ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဗဟိုစာရင်း အင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံး လပတ်ကာလအတွင်း မြန်မာနိုင်ငံမှ ဂျပန် နိုင်ငံသို့ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၂၃၅ ဒသမ ၅၉ သန်းရှိသည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာမှ ဂျပန်သို့ ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၁၉၉ ဒသမ ၄၇ သန်းရှိသည်။ အ ဆိုပါကာလတူနှစ်ခုတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ် ပထမသုံးလပတ်မှာ ယခင် ဘ ဏ္ဍာနှစ်ကာလတူထက် ပို့ကုန်တင်ပို့မှု ၁၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တို ဘာမှ စက်တင်ဘာလကုန်အထိ မြန်မာ – ဂျ ပန်နှစ်နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၁၂၉၆ သန်းကျော်ရှိပြီး မြန်မာဘက်မှ ပို့ကုန်တင် ပို့မှု ဒေါ်လာ ၉၄၄ သန်းကျော်ဖြင့် ကုန်သွယ် မှုအသာစီးရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရ သည်။      အဆိုပါ ကာလ အတွင်း မြန်မာဘက်မှ ပို့ကုန်တန်ဖိုးဒေါ်လာ ၉၄၄ ဒသမ ၂၀၄ သန်း တင်ပို့ထားပြီး ဂျပန်ဘက်မှ သွင်းကုန် တန် ဖိုးဒေါ်လာ၃၅၂ ဒသမ ၄၆၂ သန်းဖြင့်  နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၉၆ ဒသမ ၆၆၆ သန်းရရှိထားသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ ဘက်မှပို့ကုန်တင်ပို့မှုတန်ဖိုးဒေါ်လာ ၁၄၁၅ ဒသမ ၇၁၁ သန်း၊ဂျပန်ဘက်မှသွင်းကုန် တန်ဖိုးဒေါ်လာ ၄၈၀ ဒသမ ၅၇၁ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၈၉၆ ဒသမ  ၂၈၃ သန်းရရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှသိရသည်။ ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊တရုတ်နှင့် ထိုင်းနိုင်ငံ များသို့  တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှုမြင့် တက်နေကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီး H.E Mr. Ichiro Maryama က ၂၀၁၉ ခုနှစ် အောက်တို ဘာလအတွင်းက ပြောကြားထားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းစျေးကွက်ကိုလည်း အင်မတန်မှစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများ ပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံတို့နဲ့ ထိစပ်နေပါ တယ်။ အဲဒီကြောင့်မို့ ဥပမာမြန်မာပြည်မှာ ထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံ များကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ် “ ဟု H.E Mr. Ichiro Maryama က ပြောကြား သည်။ ထို့အပြင် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင် ငံတို့မှ ကုန်ကြမ်းများတင်သွင်းပြီး ကုန်ချော  ပြန်လည် ထုတ်လုပ်ကာ ပြည်တွင်းစျေးကွက် အတွင်းသို့ ဖြန့်ဖြူးရောင်းချမည့် လုပ်ငန်း များကိုလည်း စိတ်ဝင်စားမှု ရှိကြောင်း သိရ သည်။