ရုရှားသည် တရုတ်နှင့် အခြားနိုင်ငံများနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သွားမည်

ယူကရိန်းစစ်ပွဲအတွင်း မော်စကိုနှင့် ပေကျင်းကြား အလွန်ရင်းနှီးသော ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး ရှိနေသည်ကို ပြသရန်အတွက် ရုရှားနိုင်ငံသည် တရုတ်နိုင်ငံမှ စစ်တပ် တပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးလေ့ကျင့်မှုများ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရုရှားက ပြောကြားခဲ့သည်။ရုရှားဦးဆောင်သော ဗားစတခ် ၂၀၂၂ အမည်ရ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ရုရှားနိုင်ငံအရှေ့ဖျားနှင့် ဂျပန်ပင်လယ်ရှိ နေရာအသီးသီးတွင် စက်တင်ဘာလ ၁ ရက်မှ ၇ရက်အထိ ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။

အဆိုပါ လေ့ကျင့်မှုအတွင်း လေယာဉ် ၁၄၀ စင်းနှင့် စစ်သင်္ဘော အစီးပေါင်း ၆၀  ပါဝင်သောစစ်လက်နက်ပစ္စည်းတပ် ငါးထောင်ကျော်နှင့် တပ်ဖွဲ့ဝင် ငါးသောင်းကျော် ပါဝင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။အဆိုပါ စစ်ရေးလေ့ကျင့်မှုများကို ရုရှားနိုင်ငံ အရှေ့ပိုင်း အစွန်းအဖျားရှိ အပစ်အခတ်လေ့ကျင့်ရေး စခန်း ၇ ခုတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ အိန္ဒိယ၊ လာအို၊ မွန်ဂိုလီးယား၊ နီကာရာဂွါနှင့် ဆီးရီးယားတို့အပါအဝင် ယခင်ဆိုဗီယက်နိုင်ငံဟောင်းများမှ တပ်ဖွဲ့ဝင်များ ပါ၀င်မည်ဖြစ်သည်။

ထို့အပြင် ရုရှားလေကြောင်းချီတပ်များ၊ တာဝေးပစ်ဗုံးကြဲလေယာဉ်များနှင့် စစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်များ သည် အခြားတပ်ဖွဲ့များနှင့်အတူ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ရုရှားဝန်ကြီးဌာနက စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်ပင်လယ်ရှိ ရုရှားနှင့် တရုတ်ရေတပ်များသည် ပင်လယ်ရေကြောင်း ဆက်သွယ်ရေးနှင့် ပင်လယ်ပြင်ရှိ စီးပွားရေးလုပ်ငန်းနယ်ပယ်များ ကိုကာကွယ်ရန်၊ ကမ်းရိုးတန်းဒေသများရှိ မြေပြင်တပ်များကို ပံ့ပိုးကူညီရန် ပူးတွဲလေ့ကျင့်မှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

“ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘယ်နိုင်ငံ၊ ဘယ်စစ်ရေးမဟာမိတ်အဖွဲ့တွေကိုမှ ဆန့်ကျင်တိုက်ခိုက်လိုတဲ့စိတ်နဲ့ ပြုလုပ်တာမဟုတ်ပါဘူး၊ ဒီတိုင်း ကာကွယ်ရေးသက်သက် အတွက်ပါပဲ” ဟုရှားလက်ထောက်နိုင်ငံခြားရေးဝန်ကြီး အလက်ဇန္ဒား ဖာမင်က နိုင်ငံခြားစစ်သံမှူးများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။

Source: အယ်လ်ဂျာဇီးရာ