ရန်ကုန်တွင် ဒီဇယ်တစ်လီတာကို ကျပ် ၃၀၀၀ အထိတက်လာ

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်တဲ့ ဩဂုတ်(၂၄)ရက်အတွက် စက်သုံးဆီဈေးနှုန်းတွေအရ ရန်ကုန်မှာ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၃၀၀၀ အထိ တက်လာပြီး ဓာတ်ဆီရော ဒီဇယ်ပါ ဈေးနှုန်းတွေတက်လာတာကို တွေ့ရပါတယ်။

ဩဂုတ်(၂၄)ရက် ရန်ကုန်စက်သုံးဆီဈေးနှုန်းတွေကတော့ အောက်တိန်း 92တစ်လီတာကို ကျပ် ၂၄၄၀၊ အောက်တိန်း 95 တစ်လီတာကို ၂၅၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာကို ကျပ် ၃၀၀၀၊ ပရီမီယံဒီဇယ်တစ်လီတာကို ကျပ် ၃၀၈၀အထိ ရှိနေပါတယ်။

နေပြည်တော်၊ မန္တလေးနဲ့ တခြားမြို့ကြီးတွေမှာလည်း စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်နေပြီး တချို့မြို့နယ် တွေမှာဆိုရင် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုပြီးပေးဝယ်နေရတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပြည်တွင်းမှာ စက်သုံးဆီအလုံအလောက်ရှိပြီး ထပ်လည်းဝင်ဦးမယ်လို့ နစကကပြောကြားထားပေမယ့် ဆီဈေးကအမြင့်ဈေးမှာပဲဆက်ရှိနေသလို တချို့ဒေသတွေမှာ ဆီမလုံလောက်တာတွေလည်း ဆက်ရှိနေတယ်လို့ သိရပါတယ်။  onenews