ဖေ့စ်ဘွတ်ကဒေတာပေါက်ကြားမှုကိုတရားစွဲဆိုမှုအားဖြေရှင်းရန်သဘောတူ

ဖေ့စ်ဘွတ်သည် သုံးစွဲသူသန်းပေါင်းများစွာ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းအား ဝင်ရောက်ကြည့်ရှုခွင့်ပေးခဲ့သည်ဟု စွပ်စွဲထားသော Cambridge Analytica၏ တရားစွဲမှုကို ဖြေရှင်းရန် သဘောတူညီခဲ့သည်။

ဆန်ဖရန်စစ္စကိုတရားရုံးတွင် ဖေ့စ်ဘွတ်၏တင်သွင်းမှုအရ ကုမ္ပဏီအ‌ နေဖြင့်သဘောတူညီချက် မူကြမ်းကို တင်သွင်းနေဆဲဖြစ်သဖြင့် ရက်ပေါင်း ၆၀ ကြာပြီးမှအပြီးသတ် တရားစွဲဆိုရန် တောင်းဆိုထားကြောင်းသိရှိရသည်။

ဖေ့စ်ဘွတ်သည် ယခုအခါလုပ်ငန်းရပ်တံ့သွားပြီဖြစ်သော ဗြိတိန်နိုင်ငံရေးအတိုင်ပင်ခံကုမ္ပဏီ Cambridge Analytica ကဲ့သို့သော ပြင်ပအဖွဲ့အစည်းများနှင့် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို မျှဝေခြင်းဖြင့် သုံးစွဲသူများ၏ ကိုယ်ရေးကိုယ်တာ ဥပဒေကိုချိုးဖောက်ခဲ့သည်ဟုဆိုကာ လွန်ခဲ့သည့်လေးနှစ်က တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

သို့သော်‌ဖေ့စ်ဘွတ်ကမူ ၎င်း၏သုံးစွဲသူဒေတာထိန်းသိမ်းမှုများသည် ကုမ္ပဏီ၏ မြွက်ဟကြေငြာမှုစည်းမျဥ်းများနှင့် အညီသာ ကျင့်သုံးခြင်းဖြစ်ပြီး “မည်သည့် ဥပဒေကြောင်းအရ တောင်းဆိုမှုများကိုမှ လက်မခံခဲ့ပါ” ဟု ပြောကြားခဲ့သည်။

Facebook နှင့်၎င်း၏ ဥပ‌ဒေကုမ္ပဏီများဖြစ်သော Gibson နှင့် Dunn & Crutcher တို့သည်လည်း ယခုဖြေရှင်းချက်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များအား ရှင်းပြပေးရန်တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်းမရှိပေ။

တရားလိုများ၏ ဥပဒေကုမ္ပဏီနှစ်ခုဖြစ်သည့် Keller Rohrback နှင့် Bleichmar Fonti & Auld တို့ကလည်း ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သည်။

 

Source -ရိုက်တာ