ရွှေအသင်းက ရည်ညွှန်းဈေး ၂,၀၃၇,၀၀၀ ကျပ်သတ်မှတ်သော်လည်းဈေးကွက်တွင်(၇)သိန်းခန့်ကွာဟ မြင့်တက်နေ

ရွှေအသင်းက ရွှေဈေးနှုန်း သတ်မှတ်မှုများ လုပ်ဆောင်နေသော်လည်း ဈေးကွက်အတွင်း ရွှေပေါက်ဈေးနှင့် (၇) သိန်းဝန်းကျင် ကွာဟနေကြောင်း သိရသည်။ ဩဂုတ်လ (၂၃) ရက် အပိတ်ဈေးအရ ရန်ကုန် ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂,၀၃၇,၀၀၀ ကျပ်သာ သတ်မှတ်ထားသော်လည်း ရန်ကုန် ရွှေဈေးကွက်အတွင်း အပိတ်ဈေးနှုန်းမှာ (၂၇) သိန်း အထိရှိနေခြင်း ဖြစ်သည်။

ဩဂုတ်လ (၂၃) ရက် ရန်ကုန်ရွှေဈေးကွက်အတွင်း ပေါက်ဈေးအရ ကုန်ကုန်မြို့တွင်းရှိ နာမည်ရရွှေဆိုင်အ ချို့တွင် အကယ်ဒမီ မီးလင်းရွှေ (၁) ကျပ်သားလျင် (၂၇) သိန်း ရောင်းချနေပြီး အချိုဆိုင်များတွင် (၂၆) သိန်းခွဲ ဝန်းကျင်မှ (၂၇) သိန်းအကြား ရောင်းချပေးနေကြောင်း သိရသည်။ ယနေ့ ရန်ကုန်ဈေးကွက်အတွင်း ဈေးနှုန်းများအရ (၁၅) ပဲရည် ရွှေ(၁)ကျပ်သားလျင်(၂၅)သိန်းခွဲဝန်းကျင်ရောင်း ချပေးနေကြောင်း သိရသည်။

အဆိုပါ ပေါက်ဈေးမှာ ယခုရက်ပိုင်းအတွင်း သောင်းဂ ဏန်းဝန်ကျင် အက်ဘက္သို ရောက်ရှိခဲ့သော်လည်း ပြီးခဲ့သည့် ဇူလိုင် လလယ်ပိုင်းအတွင်းက ရန်ကုန်ဈေးကွက်အတွင်း ပေါက်ဈေးနှင့် ပြန်လည်နှိင်းယှဉ်ကြည့်မည်ဆိုပါက (၅) သိန်း ဝန်းကျင်အထိ ကွာဟနေခြင်း ဖြစ်သည်။ ယခု ဩဂုတ်လ အစောပိုင်းတွင် အကယ်ဒမီရွှေ (၁) ကျပ်သားလျင် (၂၈) သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်ခဲ့ပြီး လက်ရှိတွင် (၂၇)သိန်းအထိ ဈေးပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။ popularjournal