လွှတ်တော်ဆိုင်ရာ အချက်အလက်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ပေါ်လစီများ ချထားသင့်သည်ဟု ဆို

13226652_10206507241580895_1067971227117905255_n

ယခင်ကျင်းပခဲ့သော လွှတ်တော်၌ လွှတ်တော်ဆိုင်ရာ အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် ရရှိခဲ့ သော်လည်း ယခုကျင်းပသည့် လွှတ်တော်တွင် လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက်များကို ဒီဂျစ်တယ်စနစ်ဖြင့် ပြင်ပသို့ပေးအပ်ခြင်း မရှိတော့သည့်အတွက် ဆွေးနွေးမှုများ ပြုလုပ်နေရကြောင်း သိရသည်။

“လွှတ်တော်မှာ ဆွေးနွေးတဲ့ အချက်အလက်တွေဆိုတာ Open Data ပါ။ လူတိုင်း ရပိုင်ခွင့် သိပိုင်ခွင့် ရှိပါတယ်။ ပြဿနာက ဒီ Data တွေကို အပြင်ကိုပေးတဲ့နေရာမှာ ပေါ်လစီဆိုတာမရှိဘူး။ အရင် လွှတ်တော် တုန်းကလည်း နှုတ်စကားအရနဲ့သာ အပြင်ကို ပေးခဲ့တာပါ။ အခုလွှတ်တော်က အသစ်ဖြစ်လာတော့ အစက နေပြန်ပြီး ထိတွေ့နေရ တယ်” ဟု Open Myanmar Initiative မှ ကိုစိုးသီဟနောင်က ပြောသည်။

Open Myanmar Initiative သည် လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက်များ၊ လွှတ်တော်အတွင်း ဆွေးနွေးမှုအကြောင်း အရာများကို လေ့လာစောင့် ကြည့်၍ စစ်တမ်းများ၊ အစီရင်ခံစာများကို နည်းပညာ အခြေခံ၍ ထုတ်ဝေပေးနေသည့် အဖွဲ့တစ်ခု ဖြစ်သည်။

“အခုအနေအထားက လွှတ်တော်က မပေးဘူးပြောနေတာ မဟုတ်ဘူး။ လွှတ်တော်က လူသစ်ဆိုတော့ လူသစ်နဲ့ပြန် ညှိရတာ။ Soft Copy တွေကို သူတို့က မပေးဘူး ဆိုရင်လည်း ကိုယ်တွေကတော့ ဖြစ်အောင် လုပ်ရမှာပဲ။ စာအုပ်တွေ ဝယ်ပြီး ပြန်လုပ်ကြရမှာပေါ့။ အသုံးချမယ့်လူတွေက နည်းပညာသမားတွေ ၊ ဒီတော့ Soft Copy ကလည်း ထုတ်ပေး သင့်တယ်” ဟု ကိုစိုးသီဟနောင်က ပြောသည်။

လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက်များကိုသာ သီးသန့်စုဆောင်း၍ ဖြန့်ချိမှုများ ပြုလုပ်ပေးနေသည့် Open Myanmar Initiative ဝက်ဘ်ဆိုက်တွင် လက်ရှိအချိန်၌ ယခင် လွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက် များကိုသာ ပြည့်စုံစွာ တင်ဆက်နိုင်ခဲ့ပြီး ယခုလွှတ်တော်နှင့် သက်ဆိုင်သည့် အချက်အလက် များကို ကိုယ်စားလှယ် အချက်အလက်များမှအပ ကျန်ရှိသည့် အချက်အလက်များကို ထည့်သွင်းနိုင် သေးခြင်းမရှိကြောင်း သိရသည်။


Leave a Reply