အမေရိကန်အိုးပင်းပြီးရင် အနားယူတော့မယ်လို ဆရီနာ ဝီလီယံ ပြောကြား

အမေရိကန် အိုးပင်း ပြီးရင် တင်းနစ်ကနေ အနားယူတော့မယ်လို ဆရီနာ ဝီလီယံ က ပြောကြားပါတယ်။

သူ့အနေနဲ့ သူ့အတွက် အရေးပါတဲ့ အခြားအရာတွေဆီ သွားချင်တယ်လို ဂရင်းဆလမ်း ဆု ၂၃ ကြိမ်ရရှိထားတဲ့ ချန်ပီယံ က ပြောပြီး အနားယူတဲ့စကားလုံးကို သဘောမကျဘူးလိုလည်း ဆိုပါတယ်။

အနားယူဖို အချိန်ရေတွက်တာစတင်ပြီလို သူက အင်စတာဂရမ်မှာ ရေးသားပြီး လာမယ့် သီတင်းပတ်တွေကို ပျော်ပျော်ပဲ ဖြတ်သန်းမယ်လို အသက် ၄၀ ရှိပြီဖြစ်တဲ့ ဆရီနာ က ပြောပါတယ်။

ဆရီနာ က ဒဏ်ရာကြောင့် အချိန်အကြာကြီးအနားယူခဲ့ပြီးနောက်မှာ ဇြန္လက ဝင်ဘယ်ဒန်မှာ ပြန်ကစားခဲ့ပါတယ်။ လာမယ့် ဩဂုတ္လ အမေရိကန် အိုးပင်းမှာ ကစားဦးမယ်ဆိုပြီး အဲဒီပြိုင်ပွဲက သူ ခြောက်ကြိမ်ဗိုလ်စွဲခဲ့တဲ့ ပြိုင်ပွဲလည်းဖြစ်ပါတယ်။

ဆရီနာ က တင်းနစ်ပြိုင်ပွဲတွေကို အိုးပင်း လို ခေါ်လာတဲ့ခေတ်မှာ ဂရင်းဆလမ်းဖလား ၂၃ ကြိမ် နဲ့ အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။ သမိုင်းတစ်လျောက်လုံးဆိုရင်တော့ ဖလား ၂၄ ကြိမ်ရခဲ့တဲ့ မာဂရက်ကောက်ရဲ့နောက်မှာ ဒုတိယလိုက်ပါတယ်။ ဝင်ဘယ်ဒန် မွာ မနိုင်ခဲ့ပေမယ့် အမေရိကန် အိုးပင်းမှာ ကြိုးစားကြည့်ဦးမယ်လို သူကဆိုပါတယ်။

-Ref: BBC